မြန်မာနိုင်ငံမှာက အင်တာနက်လို့ဆိုလိုက်တာနဲ့ Facebook ကိုပဲ သိကြတာများပါတယ်။ Twitter နဲ့ Instagram ဆိုတာက နောက်ပိုင်းမှ လူသုံးများလာတဲ့ Social Media တွေဖြစ်ပါတယ်။ Twitter နဲ့ တစ်ခြား Social Media တွေဆိုတာက နာမည်ကြီးလာတာ လက်တစ်ဖက်မပြည့်သေးတဲ့ နှစ်အရေအတွက်ပဲ ရှိပါသေးတယ်။ အခုလည်း Elon ရဲ့ဂယက်ကြောင့် Twitter မှာ ဆက်မနေဖို့ ဆုံးဖြတ်ထားရင် တစ်ခြား ဘာ Social Media တွေရှိဦးမလဲဆိုတာ ရွေးချယ်နိုင်အောင် ပြောပြပေးပါမယ်။

၁. Reddit

ရတနာသိုက်ပါ။ မွှေနိုင်ရင် မွှေနိုင်သလောက် Sub Reddit Forum တွေထဲမှာ အကုန်ရှိပါတယ်။ ခုနောက်ပိုင်း မြန်မာတွေ ထောင်ထားတဲ့ Reddit Forum တစ်ခုထက်ပိုပြီးတွေ့လာရပါတယ်။ Information Sharing Group တွေ၊ Meme တွေနဲ့ အညှီအဟောက်တွေနဲ့ တစ်ခြားထူးထူးခြားခြား တွေပါရှိလို့ မွှေနိုင်ရင် မွှေနိုင်သလောက် နယ်ပယ်ပေါင်းစုံက ရတနာသိုက်ကြီးဖြစ်ပါတယ်။

၂. Mastodon

Decentralized Social Media ဖြစ်ပြီး Twitter တိုင်ပတ်ကတည်းက နာမည်ရနေတာဖြစ်ပါတယ်။ ၂၀၁၆ တုန်းကမှ စတင်ပြီး ပေါ်လာတာဖြစ်သလို Decentralied ဖြစ်လို့ Social Media ဆိုပြီးခေါ်ဖို့တောင်ခက်ပါတယ်။ Mastodon မှာ ကိုယ်တိုင် Community တွေထောင်ပြီး Rules တွေကိုလည်း ကိုယ်ကြိုက်သလို သတ်မှတ်နိုင်တာကြောင့် ကိုယ်တိုင် Social Network လို့တောင် ခေါ်နိုင်ပါတယ်။

၃.Cohost

ဒီတစ်ခုကလည်း Twitter အစားထိုးအနေနဲ့ သုံးကြည့်နိုင်ပါတယ်။ တစ်ခုရှိတာက Beta မှာပဲရှိနေသေးသလို၊ အကောင့်ဖွင့်ပြီး Post တင်ဖို့ Comment ပေးဖို့အတွက် ၁ ရက် Approval စောင့်ရတာပါ။ ဒီ Website ရဲ့ အာမခံချက်က လုံးဝ User တွေရဲ့ Data ကို ရောင်းမစားဘူးဆိုတာပါ။ နောက်တစ်ခုက ads free ဖြစ်ပြီး အသုံးပြုခွင့်ကလည်း အခမဲ့ဖြစ်ပါတယ်။ တစ်ခုပဲရှိပါတယ်။ Advanced Features တွေ( File အကြီးတွေ Upload တာမျိုး၊ Customization လုပ်တာမျိုး) သုံးချင်ရင်တော့ လစဥ်ကြေးပေးရမှာပါ။

၄. WT.Social

Wikipedia Founder ကိုယ်တိုင်တည်ထောက်ထားတဲ့ ဒီ Website ဟာ Customer တွေရဲ့ Data တွေကိုရောင်းစားပြီး Ads တွေဆီက ပိုက်ဆံရှာတာမဟုတ်ပဲ Donation တွေကတစ်ဆင့် ပိုက်ဆံရှာတာဖြစ်ပါတယ်။ Inforamtion တွေမျှဝေတဲ့နေရာမှာ Fake News တွေကို အဓိကထားပြီး တားဆီးချင်တာကြောင့် တစ်ခုခုအကြောင်းကို share တော့မယ်ဆိုရင် Link တွေ, Citation တွေပါဝင်မှ WT.Social မှ Post တင်နိုင်ပါတယ်။