UEFAရဲ့ယူရိုပါလိဂ်ဆုတံဆိပ် လုံလောက်မှုမရှိတာကြောင့် ဆွန်ဟောင်မင်၊ဘန်တန်ကာ၊ရိုမဲရိုးတို့ ဆုတံဆိပ်မရရှိခဲ့

UEFAရဲ့ယူရိုပါလိဂ်ဆုတံဆိပ် လုံလောက်မှုမရှိတာကြောင့် ဆွန်ဟောင်မင်၊ဘန်တန်ကာ၊ရိုမဲရိုးတို့ ဆုတံဆိပ်မရရှိခဲ့

စပါးအသင်းက မန်ယူနိုက်တက်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီး ဆုတံဆိပ်လက်ခံရယူခဲ့ရာမှာ စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်၊နောက်ခံလူ ရိုမဲရိုးနဲ့ ကွင်းလယ်လူ ဘန်တန်ကာတို့ဟာ ဆုတံဆိပ်မရခဲ့​ကြောင်း သိရပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ဆုတံဆိပ်စီစဉ်ထားမှုဟာ လုံလောက်မှုမရှိခဲ့တဲ့အတွက် သူတို့(၃)ဦးဟာ ဆုတံဆိပ်ရရှိခဲ့ခြင်းမရှိတာပါ။

UEFA ဥက္ကဋ္ဌဆယ်ဖာရင်ဟာ စပါးအသင်းကစားသမားတွေကို ဆုတံဆိပ်တွေချီးမြှင့်ရာမှာ ဆုတံဆိပ်ကနည်းနေပြီး ကစားသမားဦးရေက များနေတာကြောင့် အသင်းသားတချို့အတွက် ပေးဖို့ ဆုတံဆိပ်မကျန်တော့တာဖြစ်ပါတယ်။ ဆယ်ဖာရင်ဟာ စပါးကွင်းလယ်လူဘစ်ဆူးမားကို ဆုတံဆိပ်ပေးအပြီးမှာ ပေးဖို့ဆုတံဆိပ်တွေမကျန်ရှိတော့တာကြောင့် ဆုပေးတာကို ရပ်တန့်ခဲ့ရတာပါ။ ဘစ်ဆူးမားရဲ့အနောက်မှာရှိနေခဲ့တဲ့ ဘန်တန်ကာဟာ ဆယ်ဖာရင်ရဲ့လက်ဆွဲနှုတ်ဆက်မှုကိုသာ ရရှိခဲ့သလို ဆုဖလားမပေးအပ်မီမှာ ရိုမဲရိုးနဲ့ ဆွန်ဟောင်မင်တို့လည်း ဒီလိုမျိုးအလားတူ လက်ဆွဲနှုတ်ဆက်မှုကိုသာ ရရှိခဲ့တာဖြစ်ပါတယ်။

သူတို့(၃)ဦးဟာ ယူရိုပါလိဂ်ဆုဖလားနဲ့ အောင်ပွဲခံခဲ့ပေမယ့် ဆုတံဆိပ်ရရှိခဲ့ခြင်းမရှိတာကို အောင်ပွဲခံအခမ်းအနားမှာ မြင်တွေ့ခဲ့ရပါတယ်။ UEFA ဟာ နောက်ပိုင်းမှာတော့ ဆွန်ဟောင်မင်၊ ရိုမဲရိုးနဲ့ ဘန်တန်ကာတို့ကို ယူရိုပါလိဂ်ဆုတံဆိပ်ပြန်ပေးဖို့စီစဥ်ဖွယ်ရှိပါတယ်။ စပါးအသင်းနောက်ခံလူရိုမဲရိုးဟာ ဒီပွဲမှာအကောင်းဆုံးစွမ်းဆောင်ရည်ပြသခဲ့တာကြောင့် ဗိုလ်လုပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့(POTM)ကို ရရှိခဲ့ပါတယ်။

စပါးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးရွားခဲ့ပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကိုရရှိခဲ့တာကြောင့် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး (၁၇)နှစ်ကြာ ဆုဖလားလက်မဲ့ဖြစ်မှုကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်