UK မှာ AI အခန်းကဏ္ဍနောက်ကျနေတယ်လို့ NVIDIA CEO ပြော

Nvidia ရဲ့ CEO က UK မှာ AI ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်နေပြီး AI နည်းပညာအခန်းကဏ္ဍမှာအခြေခံအဆောက်အဦးများနှင့် AI အသုံးချနည်းပညာများအတွက်နောက်ကြကျန်နေသည်ဟုဆိုလာသည်။

ဆန်းသစ်တီထွင်မှုနှင့်စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးသည့် အစိုးရမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ဘဏ္ဍာရေးကုမ္ပဏီများကို AI နည်းပညာများဖြင့် စမ်းသပ်ခွင့်ပြုရန်ဘဏ္ဍာရေးဆိုင်ရာ မူဘောင်အသစ်တစ်ခုကို ထုတ်ပြန်ကြေညာစဉ် Jensen Huang ၏မှတ်ချက်များထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Nvidia ၏ CEO Jensen Huang က ပြောသည်မှာ “UK သည် ကမ္ဘာ့အကြီးဆုံး AI စနစ်တည်ရှိတဲ့ ecosystem တစ်ခုဖြစ်ပေမဲ့ကိုယ်ပိုင် infrastructure တော့ မရှိသေးဘူး” ဟု Prime Minister Keir Starmer နှင့်အတူပါဝင်သည့် London Tech Week မှာ ပြောကြားခဲ့သည်။ 

ဗြိတိန်၏ ပြည်တွင်းကွန်ပျူတာအသုံးချ နည်းပညာဘက်တွင် အဆ၂၀ မြှင့်တင်ရန်နှင့်ရင်းနှီးမြှုပ်နှံမှု ပေါင် ၁ ဘီလီယံ (ဒေါ်လာ ၁.၃၆ ဘီလီယံ)ပံ့ပိုးပေးမည့် Starmer ၏အစီအစဉ်ကိုချပြခဲ့ပါတယ်။

ဗြိတိန်တွင် AI စူပါကွန်ပြူတာများကို တည်ဆောက်မှုသည် စွန့်ဦးတီထွင်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး၊သုတေသီများ၏ ဂေဟစနစ်အားလုံးကို သဘာဝအတိုင်း လုပ်ဆောင်နိုင်လိမ့်မည်”ဟုထပ်လောင်းပြောကြားပြီး ဗြိတိန်သည်“မယုံကြည်နိုင်လောက်အောင် ရင်းနှီးမြှပ်နှံရန်နေရာတစ်ခု”ဖြစ်တယ်လို့ပြောကြားခဲ့သည်။

အဆိုပါပရိုဂရမ်တွင် AI စူးစမ်းလေ့လာခြင်း၏အစောပိုင်းအဆင့်မှာ ကုမ္ပဏီများကိုကူညီရန်နှင့်နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု၊ ပိုမိုကောင်းမွန်သော စည်းမျဉ်းဆိုင်ရာပံ့ပိုးမှုများကိုထောက်ပံ့ရန်အသင့်ရှိကြောင်းကိုလည်း FCA မှပြောကြားခဲ့သည်။