Underlord နဲ့ Venomancer ကိုအနည်းငယ် Nerf ထားတဲ့ 7.27d Dota 2 Update

Underlord နဲ့ Venomancer ကိုအနည်းငယ် Nerf ထားတဲ့ 7.27d Dota 2 Update

ကဲ Valve ကတော့ Dota 2 အတွက် Patch အသေးစားဖြစ်တဲ့ 7.27d Update ကို ထုတ်လုပ်ပေးလိုက်ပါပြီ။ ဒီ Patch မှာ ဘာတွေအဓိကပြောင်းလဲသွားတယ်ဆိုတာကိုတော့ ဒီဆောင်းပါးကနေ ရှင်းပြပေးသွားပါ့မယ်။ Changelog အပြည့်အစုံကိုတော့ Valve ရဲ့ ထုတ်ပြန်ချက်ကနေ တစ်ဆင့် ဖတ်ရှုနိုင်ပါတယ်။

Item အပြောင်းအလဲအနေနဲ့ကတော့ အခုတလော ရေပန်းတအားစားနေတဲ့ Drums of Endurance ကို အနည်းငယ် Nerf ထားပါတယ်။ အဲ့ဒါကတော့ Stats တွေအားလုံးကို +6 ကနေ +4 ထိပဲပေးတော့မှာဖြစ်ပါတယ်။ Soul Ring ကိုတော့ Recipe ရဲ့စျေးနှုန်းကို 350 ကနေ 275 ထိလျှော့ချပေးထားတာကြောင့် Pub မှာ Soul Ring ကိုအရင်ကထက်ပိုပြီး ဆက်လာကြတာတွေ မြင်ရဦးမှာပါ။

Arc Warden ရဲ့ Tempest Double ကြောင့် Smoke တွေပျက်တာမျိုးတော့ အခု Update မှာမရှိတော့ပါဘူး။ ဒါ့အပြင် Broodmother ရဲ့ Spin Web Movement Speed တွေကိုလည်း အနည်းငယ်လျှော့ချထားတာကိုတွေ့ရပါတယ်။ Movement Speed ကို Scepter မပါဘဲ 20/35/50/65% ကနေ 25/35/45/55% ထိလျှော့ချထားပြီး၊ Scepter ပါရင်တော့ 30/50/70/90% ကနေ 35/50/65/80% ထိလျှော့ချပေးထားတာကို တွေ့ရပါတယ်။

Dark Seer ကိုတော့ Buff ထားတာကိုတွေ့ရပါတယ်။ Surge ဟာ အရင်ကလို Movement Speed ပေါင်းပေးတာမဟုတ်တော့ဘဲ Haste effect (550 Movement Speed) ရရှိလာမှာဖြစ်ပါတယ်။ Early Game မှာ Gank တာတွေ၊ Back တာတွေအတွက်ကတော့ Dark Seer က အတော်ကြီးကိုအားကိုးလို့ရလာမှာပါ။

Underlord ကိုတော့ Firestorm Cast Range ကို 675 ကနေ 600/625/650/675 ဆိုပြီး အနည်းငယ်လျှော့ချထားပါတယ်။ ဒါ့အပြင် Pit of Malice Cooldown ကိုတော့ 18/17/16/15 ကနေ 21/19/17/15 ထိတိုးမြှင့်ပေးထားပြီး Disable ကြာချိန်ကိုတော့ 0.9/1.2/1.5/1.8 ကနေ 1.2/1.4/1.6/1.8 ထိတိုးမြှင့်ပေးထားပါတယ်။ Atrophy Aura အတွက် ရရှိလာမယ့် Creep Damage တွေကိုတော့ 4/5/6/7 ကနေ 2/4/6/8 ဆိုပြီး ပြန်ညှိပေးထားပါတယ်။ Early Game ပိုင်းကိုအဓိကထားပြီး Nerf ထားတယ်ဆိုပေမယ့် Late Game မှာတော့ အရင်ကအတိုင်း Underlord ကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

Venomancer အတွက်ကတော့ Plague Ward Manacost ကိုတိုးမြှင့်ထားပြီးတော့ Plague Ward ကိုသတ်ရင် ရရှိလာမယ့် Gold Bounty ကတော့ ပိုများသွားပါတယ်။ Poison Sting Damage နဲ့ Slow ကိုလည်းလျှော့ချထားတာကြောင့် Venomancer က Popular Pick ကနေပြီးတော့ Meta မှာပျောက်ကွယ်သွားတော့မလားဆိုတာကို မေးစရာရှိလာပါတယ်။

Valve အနေနဲ့ အခုလိုမျိုး Meta ကိုဂရုတစိုက်စောင့်ကြည့်နေပြီး Popular Meta တွေကို Nerf လုပ်တတ်တာကတော့ ထုံးစံပါပဲ။ နောက်ထပ်ကော အခု Update ကနေ ဘယ်လို Meta တွေ ထွက်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Read more

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar  Drone

ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar  Drone

ပြင်သစ်နိုင်ငံမှကာကွယ်ရေးနည်းပညာကုမ္ပဏီ Thales နှင့် အမေရိကန်နိုင်ငံမှ လေကြောင်းနည်းပညာအဖွဲ့အစည်း Skydweller Aero တို့ပူးပေါင်း၍ MAPS (Medium-Altitude Pseudo-Satellite) ဟုအမည်ရသော နေစွမ်းအင်ဖြ

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ