ဥရောပအမျိုးသမီးချန်ပီယံလိဂ်မှာ အာဆင်နယ်အမျိုးသမီးစွမ်းဆောင်ခဲ့သလို အာဆင်နယ်အသင်းလိုက်လုပ်ပြနိုင်မလား

ဥရောပအမျိုးသမီးချန်ပီယံလိဂ်မှာ အာဆင်နယ်အမျိုးသမီးစွမ်းဆောင်ခဲ့သလို အာဆင်နယ်အသင်းလိုက်လုပ်ပြနိုင်မလား

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲမှာ ပြင်သစ်ကလပ် PSG
အသင်းကို အိမ်ကွင်းမှာ (၀-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ ပြန်လာနိုင်ဖို့ တွန်းအားတစ်ခုရှိနေပါတယ်။

အဲဒါက အာဆင်နယ်အမျိုးသမီးအသင်းပါပဲ။

အာဆင်နယ်အမျိုးသမီးအသင်းဟာ ဒီရာသီဥရောပအမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲမှာ အာဆင်နယ်အသင်းလိုပဲ ပြင်သစ်ကလပ်လိုင်ယွန်အမျိုးသမီးအသင်းကို အိမ်ကွင်းမှာ (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယအကျော့ပြင်သစ်မြေမှာတော့ အိမ်ရှင်အသင်းကို အာဆင်နယ်အမျိုးသမီးအသင်းက (၄-၁)ဂိုးရလဒ်နဲ့​ပြန်အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ အာဆင်နယ်အမျိုးသမီးအသင်းလို ပြင်သစ်မြေမှာ PSGအသင်းကို ပြန်အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခွင့်ရမလားဆိုတာ အာဆင်နယ်ပရိသတ်တွေ ရင်ခုန်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့မှတ်တမ်းမှတ်ရာတွေအရ အာဆင်နယ်အသင်းအနေနဲ့ အမျိုးသမီးအသင်းလို ဗိုလ်လုပွဲတက်ဖို့ကတော့ အခွင့်အရေးနည်းပါးနေကြောင်း တွေ့ရပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ဆီမီးဖိုင်နယ်(ပထမအကျော့)ကို အိမ်ကွင်းမှာ ကစားပြီးရှုံးနိမ့်တဲ့အသင်းတွေအနက် ဗိုလ်လုပွဲကို တက်ရောက်နိုင်တာ (၂)သင်းသာရှိခဲ့တာပါ။

ဒီအသင်းတွေက ၁၉၉၅-၉၆ ရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)မှာ ဂရိကလပ်ပါနာသီနိုင်းကို့စ်အသင်းကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ နယ်သာလန်ကလပ် အိုင်းယက်စ်အသင်းနဲ့ ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)မှာ အိုင်းယက်စ်အသင်းကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အင်္ဂလန်ကလပ်စပါးအသင်းတို့ဖြစ်ပါတယ်။

အိုင်းယက်စ်အသင်းက ဂရိမြေမှာကစားခဲ့တဲ့ဒုတိယအကျော့ပွဲမှာ (၃-၀)ဂိုးနဲ့ ပြန်အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်နိုင်ခဲ့သလို၊ စပါးအသင်းကလည်း နယ်သာလန်မြေမှာ ကစားခဲ့တဲ့ဒုတိယအကျော့ပွဲမှာ (၃-၂)ဂိုးနဲ့ ပြန်အနိုင်ယူပြီး ဗိုလ်လုပွဲကိုတက်နိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ဒီလိုစွမ်းဆောင်နိုင်တာ ဒီနှစ်သင်းသာရှိတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ ဒီလိုမှတ်တမ်းမျိုးကိုရယူနိုင်တဲ့ တတိယအသင်းအဖြစ်မှတ်တမ်းရေးထိုးနိုင်မလားဆိုတာ အာဆင်နယ်ပရိသတ်တွေ ရင်ခုန်ရမှာဖြစ်ပါတယ်။

Read more

Barcelona  (3 -3) Inter Milan  UEFA Champions League (Semi Final/1st leg)  Highlight

Barcelona (3 -3) Inter Milan UEFA Champions League (Semi Final/1st leg) Highlight

0:00 /0:39 1× ■ Video - မနေ့ကကစားခဲ့တဲ့ ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်)ပထမအကျော့ ဘာစီလိုနာ (၃-၃)အင်တာမီလန်ပွဲမှာ အင်တာမီလန်အသင်းအတွက် သူရမ်ရဲ့နောက်ပေါက်ဂိုး(၁ မိ

အိမ်ကွင်းမှာ အင်တာမီလန်ကို နောက်ကလိုက်ကစားခဲ့ရပြီး သရေကျခဲ့တဲ့ ဘာစီလိုနာ

အိမ်ကွင်းမှာ အင်တာမီလန်ကို နောက်ကလိုက်ကစားခဲ့ရပြီး သရေကျခဲ့တဲ့ ဘာစီလိုနာ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့) ဘာစီလိုနာ (၃-၃)အင်တာမီလန် ဘာစီလိုနာအသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)က ဒီနှစ်

နယူးကာဆယ်ကို မတူညီခြားနားတဲ့ပုံစံနဲ့ ပြန်ရောက်ရှိလာတဲ့ ဂူတီယာရက်ဇ်

နယူးကာဆယ်ကို မတူညီခြားနားတဲ့ပုံစံနဲ့ ပြန်ရောက်ရှိလာတဲ့ ဂူတီယာရက်ဇ်

ဂျိုနပ်စ်ဂူတီယာရက်ဇ်ဆိုတာ တစ်ချိန်က နယူးကာဆယ်အသင်းကွင်းလယ်မှာ ပရိသတ်တွေ နှစ်သက်ကြတဲ့ကစားသမားတစ်ဦးပါ။ လက်ရှိနယူးကာဆယ်အသင်းက ဂွီမာရေ့စ်၊ ဂျိုလင်တန်အစရှ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်) ပထမအကျော့ ဘာစီလိုနာ - အင်တာမီလန် (1 May 2025/ 1:30 am) ဘာစီလိုနာက လာလီဂါဇယားထိပ်ဆုံးမှာ လက်ရှိချန်ပီယံရီးရဲလ်မက်