ဥရောပဆုဖလားနဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ မိမိတို့အဆိုးရွားဆုံးအသင်းဖြစ်နိုင်တယ်လို့ အာမိုရင်ဝန်ခံ

ဥရောပဆုဖလားနဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ မိမိတို့အဆိုးရွားဆုံးအသင်းဖြစ်နိုင်တယ်လို့ အာမိုရင်ဝန်ခံ

ဒီနေ့ကစားမယ့် မန်ယူနိုက်တက်-ဘီလ်ဘာအို ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က သူတို့ဟာ ဥရောပဆုဖလားနဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံးအသင်းဖြစ်နိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)မှာ ဘီလ်ဘာအိုအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရရှိထားတာကြောင့် ဗိုလ်လုပွဲတက်ဖို့အခြေအနေကောင်းနေပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲ(၁၆)ပွဲကြုံတွေ့ထားပြီး အဆိုးရွားဆုံးအခြေအနေကြုံတွေ့နေရတာပါ။

မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၁၅)နေရာမှာ ရပ်တည်နေပြီး အဆင့်(၁၇)နေရာက ဝက်စ်ဟမ်းအသင်းနဲ့ (၂)မှတ်သာကွာဟတော့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆိုးဆိုးရွားရွားဖြစ်နေပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရမယ့် အခွင့်အရေးကောင်းကို ပိုင်ဆိုင်ထားတာပါ။

မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က "ပရီးမီးယားလိဂ်ကိုကြည့်ရင် ကျွန်တော်ရောက်လာကတည်းက ကျွန်တော်တို့ဟာ အဆိုးရွားဆုံးအသင်းပါ။ ကျွန်တော်တို့ဟာ ဥရောပဖလားရယူနိုင်တဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံးအသင်းဖြစ်နိုင်ပါတယ်။ ဒီရာသီက စိတ်ပျက်စရာကောင်းတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်"လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က ဘီလ်ဘာအိုအသင်းဂိုးတွေသွင်းယူနိုင်မှာကို စိုးရိမ်နေပြီး အသင်းအနေနဲ့ ဗိုလ်လုပွဲတက်ဖို့အတွက် ဂိုးတွေသွင်းယူဖို့လိုအပ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

ဘီလ်ဘာအိုအသင်းဟာ ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ နီကိုနဲ့ အီနာကီဝီလီယံစ်တို့ ညီအစ်ကိုနှစ်ဦး ဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ဘီလ်ဘာအိုအသင်းနည်းပြဗယ်လ်ဗာဒီက အဓိက ကစားသမားတွေမပါဝင်ဘဲ ကစားရတာခက်ခဲမှာဖြစ်ပေမယ့် အနိုင်ရဖို့ကြိုးစားသွားမယ်လို့ ဆိုခဲ့ပါတယ်။

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ