ချယ်လ်ဆီးအသင်းဟာ ငွေကြေးဆုံးရှုံးမှုကို လျှော့ချနိုင်ဖို့အတွက် သူတို့ရဲ့အမျိုးသမီးအသင်းရောင်းချရာကရရှိတဲ့ အမြတ်ငွေတွေကို အသုံးပြုဖို့တောင်းဆိုမှုကို ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ငြင်းပယ်ခဲ့တာကြောင့် ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံရမယ့် အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် PSR စည်းမျဉ်းနဲ့ ကိုက်ညီဖို့အတွက် သူတို့ရဲ့အမျိုးသမီးအသင်းတစ်သင်းလုံးကို ရောင်းချပြီး အမြတ်အစွန်းငွေတွေကို ရှာဖွေနိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ အမျိုးသမီးအသင်းတစ်သင်းလုံးကို သူတို့ရဲ့မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ Blueco ထံ ပေါင်သန်း(၂၀၀)နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် UEFA ဟာ ဒီလိုပုံစံတွေနဲ့ ရောင်းချမှုတွေကို အသိအမှတ်အမှတ်မပြုတဲ့အတွက် ချယ်လ်ဆီးအသင်းဟာ UEFA ရဲ့ စည်းမျဥ်းနဲ့မကိုက်ညီဖြစ်နေရတာပါ။ ချယ်လ်ဆီးအသင်းအနေနဲ့ UEFA ရဲ့ သတ်မှတ်ချက်တွေကို မလိုက်နာရင် ဒါမှမဟုတ် ကန့်သတ်မှုတွေကို ထပ်ချိုးဖောက်ရင် ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့် တစ်ရာသီပိတ်ပင်ခံရနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ UEFA ဟာ ကလပ်အသင်းတွေကို (၃)နှစ်အတွင်းအများဆုံး ပေါင်သန်း(၁၇၀)အထိသာ ဆုံးရှုံးခွင့်ပြုထားပြီး ချယ်လ်ဆီးအသင်းဟာ (၃)နှစ်အတွင်း ပေါင်(၃၅၈)သန်းဆုံးရှုံးထားတာပါ။
ချယ်လ်ဆီးအသင်းကို အရေးယူနိုင်တဲ့ UEFA ရဲ့ဆုံးဖြတ်ချက်ကို မေလမှာ ချမှတ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

Discussion