■ Video - မနေ့ကကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ဥရုဂွေး(၀-၁)အာဂျင်တီးနားပွဲမှာ အာဂျင်တီးနားအသင်းအတွက် ကွင်းလယ်လူ သီယာဂိုအယ်လ်မေးဒါး ပွဲချိန်(၆၈)မိနစ်မှာ သွင်းယူခဲ့တဲ့တစ်လုံးတည်းသောအနိုင်ဂိုး။
■ ဒီပွဲမှာ အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီနဲ့ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်သူ လော်တာရိုမာတီနက်ဇ်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ဘဲ တိုက်စစ်မှာ အယ်လ်ဗာရက်ဇ်တစ်ဦးတည်းအထောင်ကစားခဲ့ပါတယ်။
■ ဒီနိုင်ပွဲကြောင့် အာဂျင်တီးနားအသင်းဟာ (၁၃)ပွဲကစားရာမှာ နိုင်ပွဲ(၉)ပွဲ၊ သရေပွဲ(၁)ပွဲ၊ ရှုံးပွဲ(၃)ပွဲ ရမှတ်(၂၈)မှတ်နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ ဒုတိယနေရာမှာ အီကွေဒေါအသင်းက ရမှတ်(၂၂)မှတ်နဲ့ ရပ်တည်နေပြီး ဘရာဇီးလ်က တတိယနေရာမှာ ရမှတ်(၂၁)မှတ်နဲ့ ရပ်တည်နေပါတယ်။
■ တောင်အမေရိကဇုန်ခြေစစ်ပွဲတွေကို (၁၈)ပွဲကစားသွားမှာဖြစ်ပြီးဇယား ထိပ်ဆုံး(၆)သင်းအထိ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး အဆင့်(၇)က Inter-confederation play-offs ကစားရမှာဖြစ်ပါတယ်။
Discussion