US အတွက် India မှာတိုးမြှင့်ထုတ်လုပ်မည့်Apple

US အတွက် India မှာတိုးမြှင့်ထုတ်လုပ်မည့်Apple

Apple သည် အမေရိကန်မှာရောင်းချနေသော iPhone များကို အိန္ဒိယမှာတိုးမြှင့်ထုတ်လုပ်ရန်စီစဉ်နေကြောင်း Financial Times က ဖော်ပြခဲ့သည်။ သတင်းရင်းမြစ်များ၏အဆိုအရ အကြောင်းအရင်းမှာ သမ္မတ Donald Trump သည် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စီးပွားရေးအရ ပိုမိုထိရောက်သောဖြေရှင်းနည်းကိုရှာဖွေရန် Cupertino ကိုတွန်းအားပေးနေခြင်းကြောင့်ဖြစ်သည်။

Apple နှင့် Wistron တို့သည် Bengaluru စက်ရုံတွင် iPhone 6s နှင့် iPhone SE တို့ကို စတင်ထုတ်လုပ်ချိန်မှ iPhone ထုတ်လုပ်မှု ကွဲပြားခြင်းစတင်ခဲ့သည်။ အဓိက အကြောင်းရင်းမှာ တရုတ်ကုန်ပစ္စည်းများအတွက် သွင်းကုန်ခွန် ကြီးမြင့်ခြင်းဖြစ်ပြီးနောက်ဆုံးတွင် အမေရိကန်နှင့်တရုတ်တို့ကြား ကုန်သွယ်ရေးစစ်ပွဲပြင်းထန်လာသောကြောင့် Apple သည် ထုတ်လုပ်မှုကိုပြောင်းလဲရန်စီစဉ်လာခြင်းဖြစ်သည်။

2024 ခုနှစ် ဧပြီလမှအစီရင်ခံစာတစ်ခုအရ ကမ္ဘာပေါ်ရှိ iPhone အားလုံး၏ 14% ခန့်သည် India တွင် ထုတ်လုပ်ထားပြီး ယခုနှစ်ကုန်ပိုင်းတွင် ရှယ်ယာ 25% အထိတိုးလာမည်ဟုခန့်မှန်းထားသည်။ Apple သည် 2026 နှစ်ကုန်တွင် အမေရိကန်တွင်နှစ်စဉ် iPhone အလုံးရေ သန်း 60 ကျော် ရောင်းချနိုင်သောကြောင့် Appleသည် အိန္ဒိယရှိအရင်းအမြစ်ကိုနှစ်ဆတိုးမြှင့်နိုင်ရန်ရည်မှန်းထားခြင်းလဲဖြစ်သည်။

တရုတ်သည် သမ္မတ Trump ၏ အပြင်းထန်ဆုံး အခွန်စည်းကြပ်မှု၏ လက်အောက်ခံဖြစ်ပြီး Tim Cook က ကင်းလွတ်ခွင့်ကို ညှိနှိုင်းရန် ကြိုးပမ်းခဲ့သော်လည်း အပြီးတိုင် ဖြစ်လာနိုင်မည်မဟုတ်ပေ။

လက်ရှိသတ်မှတ်ချက်အရ တရုတ်နိုင်ငံမှသွင်းကုန် များကို ၁၄၅ ရာခိုင်နှုန်းကို အခွန် ဆောင်ရမည်ဖြစ်သည်။ စမတ်ဖုန်းများကို ယာယီကင်းလွတ်ခွင့်ပြုထားသော်လည်း Apple သည် Donald Trump ဒုတိယအကြိမ်မြောက် သမ္မတမဖြစ်မီကပင် ကျင့်သုံးခဲ့သည့် 20% နှုန်းထားကို ပေးဆောင်ရမည်ဖြစ်သည်။

နယူးဒေလီနှင့် ဝါရှင်တန်၏ သဘောတူညီချက်ကို ညှိနှိုင်းခွင့်ပြုရန် ရက်ပေါင်း ၉၀ ကြာ ပြီးနောက် အခွန်ပေးဆောင်ရနှုန်းမှာ 26% ဖြစ်သည်။အမေရိကန်ဒုသမ္မတ JD Vance သည် လက်ရှိ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေပြီး နှစ်နိုင်ငံအတွက် "အလွန်ကောင်းမွန်သော တိုးတက်မှု" ဖြစ်သည်ဟုလဲကြားသိထားရသည်။

Apple သည် လာမည့်သုံးလပတ်ဝင်ငွေအစီရင်ခံစာအတွက် ပြင်ဆင်နေသောကြောင့် ရင်းနှီးမြှုပ်နှံသူများနှင့် လေ့လာသုံးသပ်သူများသည် Trump ၏ အခွန်အကောက်အစီအစဉ်များ၏ အကျိုးသက်ရောက်မှုကို နားလည်ရန်ကြိုးစားနေရဆဲဖြစ်သည်။

Read more

ACL ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ မန်စီးတီးအသင်းနဲ့ ရိုဒရီ လေ့ကျင့်ခန်းပြန်ဆင်း

ACL ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ မန်စီးတီးအသင်းနဲ့ ရိုဒရီ လေ့ကျင့်ခန်းပြန်ဆင်း

မန်စီးတီးအသင်းကြယ်ပွင့်နဲ့ Ballon d'Or ဆုရှင် ရိုဒရီဟာ ဒူး(ACL)ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ အသင်းနဲ့ လေ့ကျင့်ခန်းပြ

ဘီလ်ဘာအို-မန်ယူနိုက်တက် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အာမတ်နဲ့ ဒီလစ် လေ့ကျင့်ခန်းပြန်ဆင်း

ဘီလ်ဘာအို-မန်ယူနိုက်တက် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အာမတ်နဲ့ ဒီလစ် လေ့ကျင့်ခန်းပြန်ဆင်း

မန်ယူနိုက်တက်အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အိုင်ဗရီကို့စ်တောင်ပံကစားသမား အာမတ်နဲ့ နယ်သာလန်နောက်ခံလူ ဒီလစ်တို့ဟာ ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမယ့

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

စပါး - Bodo/Glimt (ယူရိုပါလိဂ်ဆီမီးဖိုင်နယ်) (2 May 2025/ 1:30 am) စပါးက ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခြေအနေဆိုးနေပြီး နောက်ဆုံး(၈)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရပေ

အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ (၆)နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်း

အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ (၆)နှစ်ဆက်တိုက်ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအမျိုးသမီးအသင်း

မနေ့က ကစားခဲ့တဲ့ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲ(WSL-Women's Super League) ပွဲစဉ်(၂၀)မှာ မန်ယူနိုက်တက်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ(၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ချယ်လ်ဆီးအမျိုးသမီ