US ဘက်ကနေ TikTok ကို ပိတ်တာမပိတ်တာတွေ ဆွေးနွေးညှိနှိုင်းတာတွေ အသာထား။ TikTok ကတော့ US မှာ ပထမဆုံးအကြိမ်အဖြစ် သရုပ်ဆောင်ချီးမြှင့်ပွဲ အခမ်းအနားကျင်းပဖို့ ကြေညာလိုက်ပါပြီ။
TikTok Awards လို့ အမည်ပေးထားတဲ့ ဒီဆုချီးမြှင့်ပွဲကိုတော့ နောက်လ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ Los Angeles ရှိ Hollywood Palladium မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဆုပေးပွဲကိုတော့ TikTok မှာ Live လွှင့်သွားမှာဖြစ်ပြီး တိုက်ရိုက်ကြည့်ရှုနိုင်မှာပါ။
ဒီဆုပေးပွဲမှာတော့ “Creator of the Year” (တစ်နှစ်တာ အကောင်းဆုံး ဖန်တီးသူဆု)၊ “Video of the Year” (တစ်နှစ်တာ အကောင်းဆုံးဗီဒီယိုဆု),စတဲ့ အထူးဆုတွေအပြင် “Breakthrough Artist of the Year” နဲ့ “Muse of the Year” ဆိုတဲ့ ဆုတွေလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။ TikTok User တွေက နိုဝင်ဘာ ၁၁ ရက်နေ့မှာ နှစ်သက်ရာ Creator တွေကို စတင် voting ပေးနိုင်မှာပါ။
ဒီပွဲကို နိုင်ငံရေးအကြောင်းအရာတွေမပါဝင်ဘဲ ကျင်းပသွားမှာဖြစ်တယ်လို့ TikTok ဘက်က ဆိုပါတယ်။ US နဲ့ TikTok ကြား အရောင်းအဝယ်ကိစ္စနဲ့ပတ်သက်ပြီး နောက်ဆုံးသတင်းတွေထွက်ထားတာတော့ ပြီးခဲ့တဲ့စက်တင်ဘာကပါ။ အဲ့ဒီနောက် ဆုပေးပွဲ ကျင်းပမယ့်သတင်းကို ကြေညာလာတာဆိုတော့ ညှိနှိုင်းမှုတွေ အဆင်ပြေနေတာလား၊ ပွဲကျင်းပဖို့ပဲ သီးသန့်လက်ခံလိုက်တာလားဆိုတာ ထပ်ပြီး စောင့်ကြည့်ရမယ့်ပုံပါပဲ။ သေချာတာတစ်ခုကတော့ TikTok က US မှာ ပိတ်ဖို့ အလားအလာမရှိတော့တာ အသေအချာပါပဲ။
Discussion