Rakuten Viber နှင့် Snap ပူးပေါင်းကာ AR Lenses လုပ်ဆောင်ချက်အသစ်များ ယူဆောင်လာတော့မည်

Rakuten Viber နှင့် Snap ပူးပေါင်းကာ AR Lenses လုပ်ဆောင်ချက်အသစ်များ ယူဆောင်လာတော့မည်

Rakuten Viber နှင့် Snap တို့၏ မိတ်ဖက်ပူးပေါင်းမှုကြောင့် Viber ရှိဓာတ်ပုံနှင့် ဗွီဒီယို ပို့ဆောင်ခြင်းများတွင် AR Lenses များကို အသုံးပြုနိုင်တော့မည်ဖြစ်သည်။
ကမ္ဘာ့ထိပ်တန်း အသံနှင့် စာတိုပို့‌ဆောင်ရေးဝန်ဆောင်မှုဖြစ်သည့် Rakuten Viber သည် Snap ကုမ္ပဏီနှင့် မိတ်ဖက်ပူးပေါင်း၍ သဏ္ဍာန်တူ တုပလုပ်ဆောင်ချက် AR Lenses များအား အက်ပလီကေးရှင်းအတွင်းသို့ ထည့်သွင်းပေးတော့မည်ဖြစ်သည်။ Snap ၏ ကင်မရာ နည်းပညာ၊ တီထွင်နိုင်မှုစွမ်းရည်နှင့် Bitmoji များအပေါ် အခြေခံ၍ ပေါင်းစပ်ဖန်တီးကာ Viber AR Lenses အဖြစ် အသုံးပြုနိုင်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။


Snap မှ အားဖြည့်ပေးထားသည့် Viber Lenses များသည် ဓာတ်ပုံနှင့် ဗွီဒီယိုမက်ဆေ့ချ်များ၌ အသုံးပြုနိုင်စေရန် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး အဆိုပါလုပ်ဆောင်ချက်သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်း၌ မကြာမီအချိန်အတွင်း စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်။ စတင်မိတ်ဆက်ချိန်၌ Viber ရုပ်ကောင်များ၊ တိရစ္ဆာန် မျက်နှာဖုံးများ၊ ရေအောက် စသည့် သဏ္ဍာန်မျိုးစုံပါဝင်သည့် Viber Lenses အခု ၃၀ မျှပါဝင်မည်ဖြစ်သည်။ ထို့အပြင် Viber မှ တစ်လလျှင် Lens အခု ၅၀ မှ ၇၀ နှုန်းဖြင့် တစ်နှစ်တွင် Lens စုစုပေါင်း ၃၀၀ အထိ ထပ်မံဖြည့်သွင်းသွားမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအနေဖြင့် ၄င်းတို့၏ သီးသန့် ကိုယ်ပိုင် Lenses များကိုလည်း Viber တွင် ဖန်တီးခွင့် ပေးသွားမည်ဖြစ်သည်။ Viber Lenses များ ထည့်သွင်းမှု၏ ပထမဦးဆုံးသော မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် The World Wildlife Fund၊ FC Barcelona နှင့် World Health Organization မှ ပါဝင်ထားသည်။ အဆိုပါ အထူးဖန်တီးပြုလုပ်ထားသည့် Lenses များသည် Viber ပလက်ဖောင်းပေါ်၌ အသုံးပြုသူများနှင့် လုပ်ငန်းများအကြား ပိုမိုရင်းနှီးမှု ရရှိစေနိုင်မည့် လုပ်ဆောင်ချက်တစ်ခုလည်းဖြစ်သည်။


Viber သည် ဖုန်းခေါ်ဆိုမှုများနှင့် စာတိုပို့ဆောင်မှုများ ပြုလုပ်နိုင်သော အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး အသုံးပြုသူများအနေဖြင့် ၄င်းတို့၏ ခံစားချက်များကို ပွင့်လင်းစွာ ထုတ်ဖော်ပြသနိုင်စေရန် လုပ်ဆောင်ပေးနိုင်သော အက်ပလီကေးရှင်းတစ်ခုလည်း ဖြစ်သည်။ end-to-end encryption လုပ်ဆောင်ချက်ဖြင့်Viber Lenses များသည် မူလရှိရင်းစွဲ စတစ်ကာများမှ တစ်ဆင့် အသုံးပြုသူများ ပြောဆိုဆက်သွယ်ရာတွင် ပိုမိုပွင့်လင်းရင်းနှီးစွာ ပြောဆိုနိုင်စေရန်အတွက် အဆင့်မြှင့်တင်လိုက်သော လုပ်ဆောင်ချက်ဟုလည်း ခေါ်ဆိုနိုင်သည်။ Snap ၏ ကင်မရာ၊ Bitmoji နှင့် ဖန်တီးမှုစွမ်းရည်များအပေါ် အခြေခံထားသော Viber ၏ လုပ်ဆောင်ချက်အသစ်သည် အသုံးပြုသူများ အချင်းချင်း ရင်းနှီးမှုကို ပိုမိုပြသနိုင်ရန်နှင့် ဆက်သွယ်မှုများအား ပိုမိုအဓိပ္ပါယ်ပြည့်ဝနိုင်စေရန် ကူညီပေးနိုင်မည်ဖြစ်သည်။

Viber ၏ လုပ်ဆောင်ချက်အသစ်၌

● ပတ်ဝန်းကျင်အပါအဝင် ပုံရိပ်တစ်ခုလုံးအား အမှန်တကယ်ဖြစ်ပေါ်နေသော ပုံရိပ်အစစ်တစ်ခုကဲ့သို့ သဏ္ဍာန်တူ ပြောင်းလဲပေးနိုင်ခြင်း
● သူငယ်ချင်း မိတ်ဆွေများနှင့် ပြောဆိုရာတွင် မိမိပုံရိပ်အား တမူထူးခြားစေရန်အတွက် စိတ်ဝင်စားဖွယ်ရာ filter များ အသုံးပြုနိုင်ခြင်း
● အသုံးပြုသူ၏ မျက်နှာလှုပ်ရှားမှုများအတိုင်း လိုက်လျောညီထွေဖြစ်အောင် အတိအကျ လိုက်လံလှုပ်ရှားပြောင်းလဲနိုင်သော သဏ္ဍာန်လုပ် မျက်နှာဖုံးများပါဝင်ခြင်း
● မိမိ၏ ပုံရိပ်အား ပါးနီ၊ နှုတ်ခမ်းနီဆိုးပေးခြင်း၊ ဆံပင်အရောင်ပြောင်းခြင်း စသည့် မွမ်းမခြယ်သမှုများအား ပြုလုပ်နိုင်ခြင်း
● ဓာတ်ပုံ၊ ဗွီဒီယိုများမှတစ်ဆင့် ကိုယ်တိုင်ဖန်တီးထားသော Bitmoji အဖြစ်သို့ ပြောင်းလဲနိုင်ခြင်း တို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။
ထိုကဲ့သို့ Lenses လုပ်ဆောင်ချက်အသစ်အား ထည့်သွင်းလိုက်ခြင်းသည် စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ၄င်းတို့၏ community များသို့ အထူးဖန်တီးပြုလုပ်ထားသော Lenses များထည့်သွင်းကြခြင်းဖြင့် Viber ၏ ဝင်ငွေအားလည်း ပိုမိုတိုးတက်စေနိုင်မည်ဖြစ်သည်။

“Snap နဲ့ Rakuten Viber ပူးပေါင်းလိုက်တာက နှစ်ဦးနှစ်ဖက်လုံအတွက် အကျိုးရှိစေမယ့် လုပ်ရပ်တစ်ခုပါ။ ကျွန်တော်တို့ရဲ့ သဏ္ဍာန်တူ တုပလုပ်ဆောင်ချက် AR Lenses နည်းပညာကို Viber အက်ပလီကေးရှင်းမှာ ထည့်သွင်းပေးမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ စျေးကွက်ကိုပါ ချဲ့ထွင်လိုက်တဲ့သဘောပါပဲ။ Viber အသုံးပြုသူတွေအနေနဲ့လည်း ဒီလို AR လုပ်ဆောင်ချက်တွေကို ပလက်ဖောင်းပေါ်မှာ အလွယ်တကူသုံးလို့ရတော့မှာဖြစ်တဲ့အတွက် ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု Snap ၏ Camera Platform Partnerships ဒါရိုက်တာဖြစ်သူ Elliot Solomon မှ ပြောကြားခဲ့ပါသည်။


“Snap ရဲ့ ကင်မရာလို လုပ်ဆောင်ချက်မျိုးကို Viber ကို ယူဆောင်လာနိုင်တဲ့အတွက် အရမ်းပဲစိတ်လှုပ်ရှားမိပါတယ်။ ဒီမိတ်ဖက်ပူးပေါင်းမှုကနေတစ်ဆင့် အသုံးပြုသူတွေကို သူတို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ဆက်သွယ်ပြောဆိုတဲ့အခါမှာ ဆန်းသစ်ထားတဲ့ AR တွေ အသုံးပြုပြီးတော့ ပိုပျော်ရွှင်ရင်းနှီးတဲ့ ဆက်သွယ်မှုတွေအဖြစ် ဆောင်ကျဥ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေ ဆက်သွယ်တဲ့အခါမှာပဲမဟုတ်ဘဲ community တွေမှာလည်းပဲ ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ရာ ပုံရိပ်တွေကို မျှဝေနိုင်တော့မှာဖြစ်ပါတယ်။” ဟု Rakuten Viber ၏ CEO ဖြစ်သူ Djamel Agaoua မှ လည်း ပြောကြားသွားခဲ့ပါသည်။
အဆိုပါလုပ်ဆောင်ချက်များအား iOS တွင်လည်းကောင်း၊ Android ဖုန်းများတွင် beta version ဖြင့်လည်းကောင်း ဇွန်လ ၃၀ ရက်နေ့မှစတင်ကာ သြစတေးလျ၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ဒိန်းမတ်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ နယ်သာလန်၊ ဆွစ်ဇာလန် အစရှိသည့် နိုင်ငံများ၌ အသုံးပြုနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ယခုနှစ်အတွင်းတွင် အသုံးပြုနိုင်စေရန် ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

Read more

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်