ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း(WHO) နှင့် Rakuten Viber တို့မှ COVID-19 သတင်းအမှားများအား တိုက်ဖျက်ရေးတွင် အကျိုးပြုနိုင်မည့် ဘာသာစကားမျိုးစုံပါဝင်ပြီး တစ်ကမ္ဘာလုံးအသုံးပြုနိုင်သော Chatbot အား ယနေ့ မိတ်ဆက်လိုက်ပါတယ်။ Bot ကဗိုင်းရပ်စ်နှင့် ပတ်သက်သည့် သတင်းအတုများနှင့် သတင်းအမှားများ အလျင်အမြန် ပြန့်နှံ့ခြင်းအား တိုက်ဖျက်ပေးနိုင်ရန် ရည်ရွယ်၍ ဖန်တီးထားပါတယ်။

မှန်ကန်တိကျသော ကျန်းမာရေး သတင်းအချက်အလက်များ ဖတ်ရှုနိုင်ရန် ရှာဖွေနေကြသူများအား ကူညီပေးနိုင်ရန်အတွက် အဆိုပါ chatbot သည် လက်ရှိတွင် အင်္ဂလိပ်၊ အာရေဗီနှင့် ရုရှားဘာသာစကားများဖြင့် အသုံးပြုနိုင်မည် ဖြစ်ပြီး မကြာမီအချိန်အတွင် မြန်မာဘာသာအပါအဝင် အခြား ဘာသာစကား ၂၀မျိုးအထိ အသုံးပြုနိုင်တော့မှာပါ။နောက်တစ်ခုကလူမေးများသော မေးခွန်းများနှင့် ကူးစက်ရောဂါ၏ နောက်ဆုံးရသတင်းများအား တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။

"နောက်ဆုံးရ သတင်း" ကဏ္ဍတွင် WHO ၏ Website မှ အချိန်နှင့် တပြေးညီထုတ်ပြန်သော သတင်းများအား သင့်လက်ထဲသို့ အရောက်ပို့ပေးနိုင်မယ်။ အခြား ပါဝင်သော အဓိက ကဏ္ဍများမှာ "မိမိကိုယ်ကို ကာကွယ်ခြင်း"၊ "Mask အသုံးပြုခြင်း"၊ "ခရီးသွားခြင်းဆိုင်ရာ အကြံပေးချက်များ" နှင့်  ဗိုင်းရပ်စ်နှင့်ပတ်သက်သည့် ဗဟုသုတများ သိရှိထားမှုအား စမ်းသပ်ဖြေကြားနိုင်မည့် “ဒဏ္ဍာရီ” ဆိုင်ရာ အမေးအဖြေ ကဏ္ဍတို့ လည်းထည့်သွင်းထားပါတယ်။ “Donate Now” ခလုပ်အားနှိပ်ခြင်းဖြင့် အသုံးပြုသူများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကို အထောက်အပံ့ပေးကာ ကူးစက်ရောဂါ Covid-19 တိုက်ဖျက်ရေး ရန်ပုံငွေအတွင်းသို့ အလှူငွေ ထည့်ဝင်နိုင်တဲ့အစီအစဉ်လေးလည်းရှိပါတယ်။“WHO အနေနဲ့ တီထွင်ဆန်းသစ်ထားတဲ့ ဒစ်ဂျစ်တယ် နည်းပညာတွေကနေတစ်ဆင့် ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို လူတွေဆီ များနိုင်သလောက် များများ ရောက်ဖို့အတွက် ရည်ရွယ်ပြီး ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဒီကူးစက်ရောဂါဖြစ်ပွားချိန်အတွင်းမှာ သတင်းအချက်အလက်ဟာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်တဲ့  စွမ်းအားတစ်ခုဖြစ်ပါတယ်။” ဟု WHO ၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Dr. Tedros Adhanom Ghebreyesus မှ ပြောကြားခဲ့ပါသေးတယ်။

Viber sticker market မှ စတစ်ကာ ဒေါင်းလုပ်ရယူသည့် မည်သူမဆို chatbot သို့ အဆိုပါ chatbot အား ကမ္ဘာတစ်ဝှမ်းရှိ Viber အသုံးပြုသူများအားလုံးမှ အခမဲ့ ရယူနိုင်ပါတယ်။ Viber မှ အထူးပြုလုပ်ထားသော စတစ်ကာများသည် ဗိုင်းရပ်စ် အား ရှေ့တန်းမှ ရင်ဆိုင်နေရသော ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုအားပေးရန်နှင့် lockdown ဖြစ်နေစဉ်အတွင်း စိတ်ဓာတ်ခွန်အားများနှင့် အပြုသဘောဆောင်သော အတွေးအမြင်များကို ကမ္ဘာအနှံ့အပြားသို့ ဖြန့်ကျက်နိုင်စေရန် အဆင်ပြေချောမွေ့စွာဖြင့် ချက်ချင်းဝင်ရောက်နိုင်သေးတယ်နော်။၎င်း chatbot အား အောက်ပါ Link မှ တစ်ဆင့်လည်း ရယူနိုင်ပါပြီ။ https://vb.me/c6e9fa

Kelly(Akhayar Lifestyle)