နောက်ဆုံးပေါ် Viber Lens များကို ခံစားနိုင်ပြီပြည်တွင်းကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဖန်တီးထားသည့် AR Lenses များအား Rakuten Viber မှ စတင်မိတ်ဆက်

နောက်ဆုံးပေါ် Viber Lens များကို ခံစားနိုင်ပြီပြည်တွင်းကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဖန်တီးထားသည့် AR Lenses များအား Rakuten Viber မှ စတင်မိတ်ဆက်

ကမ္ဘာ့ထိပ်တန်း စာတိုပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခုဖြစ်သည့် Rakuten Viber သည် ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှု အတွေ့အကြုံများနှင့် ပြည်တွင်းနိုင်ငံများနှင့် လိုက်လျောညီထွေဖြစ်သည့် ဝန်ဆောင်မှု အတွေ့အကြုံများရှိသည့် အောင်မြင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ် စာတိုပို့‌ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများအတွက် လမ်းခင်းပေးသည့်အနေဖြင့်  Rakuten Viber သည် rangoon.tech နှင့် Sassy Bound အပါအဝင် ပြည်တွင်းကျွမ်းကျင်ပညာရှင်များစွာနှင့် ပူးပေါင်းကာ မြန်မာမှုပြုထားသည့် AR Lenses များအား မိတ်ဆက်ပေးသွားတော့မည့်ဖြစ်သည်။ အဆိုပါလုပ်ဆောင်ချက်အသစ် ဖန်တီးထည့်သွင်းခြင်း၏ အဓိက ရည်ရွယ်ချက်မှာ လက်ရှိအခြေအနေတွင် ပြည်သူများ အပြုသဘောဆောင်သော စိတ်ခံစားချက်များဖြစ်ပေါ်လာစေရန်နှင့် ပျော်ရွှင်စေရန်ဖြစ်သည်။ Lens များအား အသုံးပြု၍ အသုံးပြုသူများသည် ၄င်းတို့၏ အသွင်သဏ္ဍာန်အား မြန်မာ့ပစ်တိုင်းထောင်ရုပ်အဖြစ် ကူးပြောင်းခြင်း၊ သူငယ်ချင်းများဖြင့် မြေအိုးဂိမ်းယှဥ်ပြိုင်ဆော့စကားခြင်း၊ ဦးရွှေရိုးအဖြစ် အသွင်ယူခြင်း အစရှိသည်တို့အား လုပ်ဆောင်နိုင်မည်ဖြစ်သည်။


ထို့အပြင် တောရိုင်းတိရိစ္ဆာန်များအသွင် ကူပြောင်းနိုင်သည့် Lens များ၊ FC Barcelona နှင့် စပ်ဆက်သည့် Lens များအပြင် နှုတ်ခမ်းနီ၊ ပါးနီနှင့် ဆံပင်အရောင်ပြောင်းလဲခြင်းများအား ပြင်ပလောကတွင် အမှန်တကယ် လုပ်‌ဆောင်နေရသကဲ့သို့ သဘာဝနှင့် အနီးစပ်ဆုံးဖန်တီးပေးထားသည့် Lens များအားလည်း ရရှိနိုင်မည်ဖြစ်သည်။
အဆိုပါ ပူးပေါင်းမှုနှင့် ပတ်သက်၍ “Lenses တွေကို သုံးစွဲသူတွေ စိတ်တိုင်းကျ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ပိုမိုပေါ်လွင်အောင် ထုတ်ဖော်နိုင်ဖို့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေအတွက် အထူးလုပ်ဆောင်ချက်အနေနဲ့ rangoon.tech နဲ့ Joosk စတူဒီယို တို့နဲ့ ပူးပေါင်းပြီးတော့ ပြည်တွင်းကျွမ်းကျင်ပညာရှင်တွေကို သူတို့ရဲ့ လက်ရာတွေ၊ ဖန်တီးမှုတွေကို ကျွန်တော်တို့ရဲ့ Viber ပလက်ဖောင်းမှာ ထည့်သွင်းပြသခွင့်ရအောင် မြေတောင်မြှောက်ပေးတဲ့အနေနဲ့လည်း Lens တွေ၊ စတစ်ကာတွေကို လုပ်ဆောင်ဖြစ်ခဲ့တာပါ။ အခုလို အသစ်ဖန်တီးမှုတွေက လက်ရှိအခြေအနေ အရပ်ရပ်ကြောင့် ဖြစ်ပေါ်နေတဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ခွန်အားပေးနိုင်တဲ့ လုပ်ဆောင်ချက်အသစ်တစ်ခု ဖြစ်လာနိုင်မှာပါ။” ဟု Rakuten Viber ၏ Senior Director for APAC ဖြစ်သူ David Tse မှ ပြောကြားခဲ့ပါသည်။
“ကမ္ဘာတစ်ဝှမ်းမှာ Viber နဲ့ Snapchat ပူးပေါင်းလုပ်ဆောင်တာမျိုး ရှိခဲ့ပြီးတဲ့နောက်မှာ ကျွန်တော်တို့အနေနဲ့လည်း သူတို့နဲ့ လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းမျိုးကို ရှာဖွေခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ Viber Lens ဖန်တီးမှုအတွက် ကျွန်တော်တို့အဖွဲ့ရဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဖန်တီးနိုင်စွမ်းတွေအပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ကျွန်တော်တို့ကို ရွေးချယ်ခဲ့တဲ့အတွက် Viber ကုမ္ပဏီကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ လုပ်ဆောင်နိုင်စွမ်းပိုမိုမြှင့်တင်နိုင်ဖို့နဲ့  နည်းပညာအသွင်သစ် ပြောင်းလဲမှုခရီးစဥ်တစ်ခု ဖြစ်လာဖို့ကိုလည်း စိတ်လှုပ်ရှားနေပြီးတော့ Viber နဲ့လည်း ရေရှည်လက်တွဲ လုပ်ဆောင်သွားနိုင်ဖို့ကိုလည်း မျှော်လင့်ပါတယ်။” ဟု Rangoon tech ၏ တွဲဖက် တည်ထောင်သူ ဖြစ်သူ ကို ‌ကျော်ဇင်ထက်မှ ပြောကြားသွားခဲ့ပါသည်။
ထို့အပြင် “ကျွန်တော်တို့ Sassy Bound အဖွဲ့အနေနဲ့ Rakuten Viber နဲ့ပူးပေါင်းပြီးတော့ တရားဝင် Viber Lens တွေ ဖန်တီးပြုလုပ်ခွင့်ရတဲ့အတွက် အရမ်းပဲ ဝမ်းသာမိပါတယ်။ အပြောင်မြောက်ဆုံးဖြစ်အောင် ဖန်တီးထားတာဖြစ်လို့ Viber အသုံးပြုသူတွေ ကြိုက်နှစ်သက်ကြမယ်လို့လည်း ယုံကြည်ပါတယ်။” ဟု ရန်ကုန်အခြေစိုက် Joosk စတူဒီယိုမှ CEO ဖြစ်သူ ကိုဇေယျာဝင်းထက်မှ ပြောကြားသွားခဲ့ပါသည်။

Read more

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်