Viber မှ Group Chat များအတွင်း မက်ဆေ့ချ်များ အလိုအလျောက် ပျောက်ကွယ်စေသည့် စနစ်အား ထည့်သွင်း

Viber မှ Group Chat များအတွင်း မက်ဆေ့ချ်များ အလိုအလျောက် ပျောက်ကွယ်စေသည့် စနစ်အား ထည့်သွင်း

Google Play ၌ ကမ္ဘာတစ်ဝှမ်းမှ ဒေါင်းလုပ်ပြုလုပ်မှု သန်းတစ်ထောင်ရောက်အထိ ရောက်ရှိခဲ့သော ကမ္ဘာ့ထိပ်တန်း စာတိုပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Rakuten Viber သည် ယခင်က တစ်ဦးချင်းဆက်သွယ်ပြောဆိုမှုတွင်သာ အသုံးပြုနိုင်ခဲ့သော မက်ဆေ့ချ်များ အလိုအလျောက် ပျောက်ကွယ်အောင် ဆောင်ရွက်နိုင်သည့် လုပ်ဆောင်ချက်အား အဖွဲ့လိုက်ဆက်သွယ်ပြောဆိုခြင်း (Group Chat) တွင်ပါ အသုံးပြုနိုင်အောင် ထည့်သွင်းပေးခဲ့ပါသည်။

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံသားများအတွက် လုံခြုံစိတ်ချမှုရှိခြင်းသည် အရေးကြီးဆုံးအရာ ဖြစ်သောကြောင့် Viber ၏ မက်ဆေ့ချ်များ အလိုအလျောက် ပျောက်ကွယ်စေသည့် စနစ်သည် အသုံးအများဆုံး ဖြစ်လာမည်ဟု မှန်းဆထားသည်။ မက်ဆေ့ချ်များ အလိုအလျောက် ပျောက်ကွယ်စေသည့် လုပ်ဆောင်ချက်အား Group Chat တွင် ထည့်သွင်းရန်အတွက် အသုံးပြုသူများသည် setting ထဲသို့ဝင်၍ လွယ်ကူ ရိုးရှင်းစွာပင် ဆောင်ရွက်နိုင်ပါသည်။ ထို့အပြင် အဆိုပါလုပ်ဆောင်ချက် အဖွင့်အပိတ်အား အဖွဲ့ဝင် Group members များ အနေဖြင့်လည်း ဝင်ရောက်ထိန်းချုပ်ပြောင်းလဲနိုင်မည်ဖြစ်သည်။


၄င်းကဲ့သို့ အဆင့်မြှင့်တင်လိုက်သည့် လုပ်ဆောင်ချက်ဖြင့် Viber အသုံးပြုသူများသည် Group Chat အတွင်းမှ မက်ဆေ့ချ်များအား တစ်ဖက်အသုံးပြုသူမှ ကြည့်ရှုပြီးနောက် ဆယ်စက္ကန့်၊ တစ်မိနစ်၊ တစ်နာရီ၊ တစ်ရက်အကြာတွင် အလိုအလျောက် ပျောက်ပျက်သွားစေရန် ပြုလုပ်ထားနိုင်သဖြင့် အခြားသော အက်ပလီကေးရှင်းများရှိ အလားတူလုပ်ဆောင်ချက်များထက် ရွေးချယ်စရာ ပိုမိုများပြားသည်ဟု ဆိုနိုင်သည်။ Android သို့မဟုတ် နောက်ပိုင်းဗားရှင်း ရယူထားသည့် မည်သည့် မိုဘိုင်းဖုန်း၊ စက်ပစ္စည်းတွင်မဆို အလိုအလျောက်ပျောက်ကွယ်စေရန် သတ်မှတ်ထားသော မက်ဆေ့ချ်များအား အခြားတစ်ယောက်သို့ ထပ်မံပို့ဆောင်ခြင်း (forwarding)၊ စာသားများအား ကူးယူခြင်း (copying) နှင့် စကရင်ရှော့ (screenshot) ရိုက်ယူခြင်း တို့အား လုံးဝ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ယခင်ထွက်ရှိထားသော Android ဗားရှင်းများနှင့် iOS အသုံးပြုသူများတွင်မူ အဖွဲ့ဝင်တစ်ဦးတစ်ယောက်မှ ပျောက်ကွယ်စေရန် သတ်မှတ်ထားသည့် မက်ဆေ့ချ်များအား စကရင်ရှော့ (screenshot) ရိုက်ယူလိုက်ပြီဆိုပါက အခြားသော အဖွဲ့ဝင်များထံသို့ အသိပေးအကြောင်းကြားပေးသွားမည် ဖြစ်သည်။ ၄င်းလုပ်ဆောင်ချက်ကို စာများအတွက်သာမက၊ ဓာတ်ပုံများနှင့် စတစ်ကာများအတွက်ပါ အသုံးပြုနိုင်မည်ဖြစ်သည်။
ဥပမာအားဖြင့် ပါတီပွဲတစ်ခုသို့ အဖွဲ့ဝင်များအားဖိတ်ပြီး အထဲသို့ဝင်ရောက်ရန် ကုတ်နံပါတ်အား Group Chat အတွင်းသို့ ပို့ဆောင်လိုက်သည်ဆိုပါက ၄င်းကုတ်နံပါတ် မက်ဆေ့ချ်အား တစ်ဖက်အဖွဲ့ဝင်များမှ ဖွင့်ကြည့်ပြီး တစ်မိနစ်အတွင်း အလိုအလျောက် ပျောက်ကွယ်စေရန် ပြုလုပ်နိုင်မည်ကို ဆိုလိုခြင်းဖြစ်သည်။
တစ်ယောက်ခြင်း စာတိုပေးပို့မှုများ နှင့် group chat များ သည် end to end encrypted ပြုလုပ်ထားသောကြောင့် လုံခြုံစိတ်ချရသည်။ မက်ဆေ့ချ်များ အလိုအလျောက် ပျောက်ကွယ်စေသည့် စနစ်သည် Viber ၏ လူအများအတွက် လုုံခြုံစိတ်ချရသော မက်ဆေ့ချ်ပေးပို့မှု အပ်ပလီကေးရှင်း တစ်ခုဖြစ်အောင် ပြုလုပ်ထားသည့် အချက်အလက်များထဲမှ ဉပမာတစ်ခု ဖြစ်သည်။
“Viber အနေနဲ့ အသုံးပြုသူတွေအတွက် group chat ကနေ ဒါမှမဟုတ် သီးသန့် chat ကနေ တစ်ဦးတစ်ယောက်ကို ပေးပို့လိုက်တဲ့ မက်ဆေ့ချ်က သူတို့ထိန်းချုပ်မှုအောက်မှာ အပြည့်ရှိတယ် ဆိုတဲ့ ခံစားချက်ကို ပေးနိုင်တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။” ဟု Rakuten Viber ၏ Vice President of Product ဖြစ်သူ Nadav Melnick မှ ပြောကြားခဲ့ပါသည်။ “အရင်ထဲက Viber အနေနဲ့ လုံခြုံစိတ်ချမှုကို အရမ်းအာရုံစိုက်ခဲ့လို့ end to end encryption ကို အစဥ်အလာမပျက် အသုံးပြုလာခဲ့တာပါ။ ဒီလို နည်းပညာအသစ်တွေ ထည့်သွင်းလိုက်နိုင်တဲ့အတွက် Viber ရဲ့ လုံခြုံစိတ်ချမှုနဲ့ ပတ်သက်ပြီး ထားရှိတဲ့ ကတိကဝတ်က အသုံးပြုသူတွေနဲ့ သူတို့ဆက်သွယ်ပြောဆိုနေရတဲ့ သူတွေအတွက် အရမ်းအဆင်ပြေစေမှာပါ။” ဟုလည်း ဆက်လက်ပြောကြားခဲ့ပါသည်။

Read more

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ