'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်ထပ် အစ်ကိုတစ်ယောက်ရှိခဲ့ပါတယ်
Van Goghကတော့ 1890 ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြင်သစ်နိုင်ငံ Auvers-sur-Oise မှာကွယ်လွန်ခဲ့ပါတယ်။Vincent van Gogh ဟာ torture Artist အဖြစ်လူသိများသော်လည်း ပန်းချီအနုပညာလောကရဲ့ အကျော်ကြားဆုံး ပန်းချီဆရာများထဲမှ တစ်ဦးဖြစ်ပြီး အနုပညာတိုင်းရဲ့ လေးစားခြင်းကိုခံရတဲ့ Artistတစ်ဦးလည်းဖြစ်ပါတယ်။သူရဲ့အနုပညာလက်ရာတစ်ခုချင်းစီတွင် သူရဲ့ စိတ်ခံစားမှုအခြေအနေများကို ထုတ်ဖော်ပြသလေ့ရှိတဲ့ Starry Night ရဲ့ ပဲ့ကိုင်ရှင် Van Gogh ရဲ့ အကြောင်းကိုအားလုံးအတွက်မျှဝေပေးချင်ပါတယ်။

Van Goghဟာ အသက် 27 နှစ်မတိုင်မီအထိ၊ မတူညီတဲ့အလုပ်မျိုးစုံကို လုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အဲ့အလုပ်တွေအကုန်လုံးကို စွန့်လွှတ်ပြီးတော့ ပန်းချီနဲ့ ပုံဆွဲခြင်းမှာသာ သူ့ရဲ့အချိန်တွေအကုန်လုံးကို အာရုံစိုက်ရန် ဆံုးဖြတ်ချက်ချခဲ့တယ်။စတင်လိုက်ပြီဖြစ်တဲ့အတွက် ဘယ်သူမှ သူ့ကို တားဆီးလို့မရ‌တော့ပါဘူး..။ဒါကလည်း အနုပညာရှင်စစ်စစ်တွေရဲ့ စိတ်အားထက်သန်မှုလို့ဆိုရမှာပါပဲ။ဆယ်နှစ်တာကာလအတွင်းမှာ ပန်းချီကားပေါင်း ၉၀၀ နီးပါးနဲ့ စာရွက်ပေါ်မှာရေးသားတဲ့ လက်ရာပေါင်း ၁၁၀၀ နီးပါးကို ဖန်တီးခဲ့ပါတယ်။ လက်ရာများစွာကို ပြောင်မြောက်အောင် ဖန်တီးခဲ့ပေမယ့် သူ့တစ်သက်တာတွင် The Red Vineyardပန်းချီကားတစ်ချပ်သာ ရောင်းချခဲ့ရပေမယ့် အခုချိန်မှာတော့ အကျော်ကြားဆုံး ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။အသက်ရှင်နေတဲ့ကာလအတွင်းမှာ အောင်မြင်မှုကို သေချာမခံစားခဲ့ရတာကတော့ တစ်ကယ်ကို နှ‌မြောစရာကောင်းလှပါတယ်....

Van Gogh သည် သူ့ဘဝတစ်လျှောက်လုံးမှာ စိတ်နဲ့ပတ်သတ်တဲ့ ဝေဒနာကိုခံစားရင် နေထိုင်ခဲ့ရပါတယ်။
စိတ်ပိုင်းဆိုင်ရာ ပြဿနာအများအပြားရှိခဲ့ပါတယ်။စိတ်ရောဂါပညာရှင်များရဲ့ပြောကြားချက်အရတော့ သူပြသခဲ့သော ရောဂါလက္ခဏာများမှ သူရောဂါကို ရှာဖွေဖော်ထုတ်ရန် ကြိုးပမ်းခဲ့ကြရာ ဖြစ်နိုင်ခြေရှိသော ရောဂါအမည်များကဝောာ့ schizophrenia၊ bipolar disorder၊ ဆစ်ဖလစ်၊ hypergraphia၊ Geschwind syndrome နှင့် temporal lobe epilepsy တို့ဖြစ်တာကိုတွေ့ရပါတယ်။

အမျိုးသမီးတစ်ဦးကို ချစ်ရေးဆိုခဲ့ဖူးပေမယ့် စိတ်မကောင်းစွာနဲ့ပဲ သူမဆီက ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။အကြောင်းကတော့ အဲ့ချိန်တုန်းက Vincentဟာ သူ့ကိုယ်သူတောင် မထောက်ပံ့နိုင်တဲ့ အခြေအနေဖြစ်နေတာကြောင့်ပါ။နောက်တစ်ကြိမ်တွင် အိမ်နီးချင်းရဲ့သမီးဖြစ်သူနဲ့ ချစ်ကြိုက်ခဲ့သော်လည်း မိန်းကလေးအိမ်ဘက်က မိသားစုမှ လက်ထပ်ရန် လက်မခံခဲ့ပါဘူး။ အမျိုးသမီးဖြစ်သူဟာ ဆေးသောက်ပြီး သတ်သေဖို့ ကြိုးစားခဲ့ပေမယ့် Van Gogh က သူ့ကို ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပါတယ်။

Van Gogh ဟာ ပန်းချီဆွဲရန် သရုပ်ပြမော်ဒယ်များကို ပေးချေရန် ငွေကြေးမတတ်နိုင်သောကြောင့် Van Gogh သည် ပန်းများ၊ ရှုခင်းများနှင့် ကိုယ်တိုင်ပုံတူ(သူ့ကိုယ်သူ) ပန်းချီများကိုသာရေးဆွဲခဲ့ပါသည။ကိုယ်တိုင် ပုံတူ 30 ကျော် နီးပါးရေးဆွဲခဲ့တယ်။မသေဆုံးမီ ၄နှစ်အလိုမှာ ပန်းချီကျောင်းတက်ခဲ့ပြီး သမားရိုးကျမဟုတ်တဲ့ ပန်းချီပုံစံကြောင့် နည်းပြဆရာနဲ့ ပြဿနာတက်ခဲ့တဲ့အခြေအနေတွေလည်းရှိခဲ့ပါတယ်။Van Goh ရဲ့ အကျော်ကြားဆုံးလက်ရာဖြစ်တဲ့
Starry Night လက်ရာကိုပြင်သစ်တွင် ခိုလှုံခွင့် တောင်းခံနေစဉ်ကာလက ဆွဲခဲ့တဲ့လက်ရာဖြစ်ပါတယ်။

၁၈၉၀ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် Auvers အနီးရှိ ကွင်းပြင်တစ်ခုတွင် ပန်းချီဆွဲနေစဉ် Van gogh ဟာ သေနတ်ဖြင့် ကိုယ့်ကိုယ်ကို ပစ်ခဲ့ပြီး နောက်နှစ်ရက်အကြာတွင် သေဆုံးခဲ့ပါတယ်။
“The sadness will last forever(ဝမ်းနည်းမှုဟာ ထာဝရတည်မြဲနေမှာပါ)” လို့ မသေဆုံးခင်မှာ သူ့အစ်ကိုဖြစ်သူကို နောက်ဆုံးပြောကြားခဲ့တယ်။သူသေဆုံးပြီး 11 နှစ်အကြာမှာ လူတွေဟာ သူရဲ့ပန်းချီကားများကို စတင်အာရုံစိုက်လာခဲ့ကြတာဖြစ်ပါတယ်။
Van Gogh ဟာ သူအသက်ရှင်‌နေစဉ်ကာလမှာ မကျော်ကြားခဲ့ပေမယ့် သူ့ရဲ့လက်ရာ၊ဖန်တီးမှုတွေက သူဆုံးပါးသွားတဲ့နောက်မှာ သူရဲ့ ကျော်ကြားမှုတွေက အခုချိန်ထိ ကြီးမားနေဆဲပါပဲ။
ဒါကြောင့် ရှိနေတုန်း တန်ဖိုးထားကြပါ။ပန်းချီ၊အနုပညာမှ မဟုတ်ပါဘူး။ဘယ်အရာမဆိုရှိနေတုန်းမှာ သူ့တန်ဖိုးကိုမြင်ပေးကြပါ..။(Today's Reminder)

ဒါလေးကတော့ Admin အကြိုက်ဆုံးပန်းချီလေးပါ။Starry Night ထက် ပိုပြီးသဘောကျမိလို့ ထည့်ထားလိုက်တာပါ။အနားယူခြင်း သို့မဟုတ် အိပ်စက်ခြင်းကို ရည်ညွှန်းပါတယ်။

#AkhayarLifestyle

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ