WALL-E ပုံစံ စက်ရုပ်ငယ်လေး Blue ကို မိတ်ဆက်လာတဲ့ Nvidia
Newton ဆိုတဲ့ Physics Engine ပရောဂျက်တစ်ခုကို Nvidia, DeepMind နဲ့ Disney Research တို့ ၃ ဦးပူးပေါင်းဖန်တီးနေပါတယ်။ ဒီပရောဂျက်ဟာဆိုရင် လက်တွေ့ဘဝမှာ တွေ့မြင်နိုင်တဲ့ AI Robot တွေဖန်တီးဖို့လို့ ဆိုနိုင်ပါတယ်။
GTC 2025 ပွဲမှာ Nvidia CEO Jensen Huang က ပရောဂျက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ စက်ရုပ်လေးကို မိတ်ဆက်လာပါတယ်။ ဒီစက်ရုပ်လေးကိုတော့ “Blue” လို့ အမည်ပေးထားပါတယ်။
စင်ပေါ်မှာ Blue စက်ရုပ်လေးနဲ့ Huang တို့ရဲ့ အပြန်အလှန်ဆက်သွယ်မှုနဲ့ အမူအရာတွေဟာ ပွဲထဲက ပရိတ်သတ်တွေကို အံ့ဩမှုတွေဖြစ်စေခဲ့တဲ့အပြင်ကိုမှ လက်ရှိမှလည်း အင်တာနက်ပေါ်မှာ တော်တော်လေးကို မှတ်ချက်ကောင်းတွေ ပေးနေကြတာပါ။
နောက်ပြီး Huang ကနေ Nvidia ဟာ Disney Imagineering SVP Kyle Laughlin နဲ့ Google DeepMind ပူးပေါင်းပြီး အနာဂတ် Disney ဖျော်ဖြေရေးစက်ရုပ်များအတွက် အရေးပါသောအခန်းကဏ္ဍတွေမှာ ပါဝင်သွားမယ်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီလိုသာဆို အနာဂါတ်မှာတော့ Blue လိုမျိုး လူသားတွေနဲ့ပိုမိုရင်းနှီးစွာ ပြူမူနိုင်တဲ့ AI Robot တွေကို များစွာတွေ့ရတော့မယ်လို့ ထင်ရတာပါပဲ။