အင်းယားမြိုင်ထဲက ဓာတ်ပုံရိုက်လို့ကောင်းတဲ့ Pink theme cafe ဆိုင်လေး

အင်းယားမြိုင်ထဲက ဓာတ်ပုံရိုက်လို့ကောင်းတဲ့ Pink theme cafe ဆိုင်လေး

ဓာတ်ဖမ်းလို့ကောင်းတဲ့ အင်းယားမြိုင်ထဲက "Wavedesserts" cafe ဆိုင်လေးထဲ  Neon ၊ Pink colour လေးတွေသုံးထားပြီး နံရံအပြည့်လည်း နှင်းဆီပန်းတွေနဲ့အလှဆင်ထားတယ်။ခြံ၀န်း ထဲမှာ ဖွင့်ထားတာကြောင့် တိတ်တိတ်ဆိတ်ဆိတ်အေးဆေးလေး chill ချင်တဲ့သူတွေ၊ couple date တွေအတွက်ရော photo shoot ဖို့လည်းအဆင်ပြေတဲ့နေရာလေးပေါ့(သူ့တလှည့် ကိုယ့်တလှည့်ရိုက်ကြနော်...ဓာတ်ပုံတွေပြောပါတယ်)။ 

ထိုင်ဖို့ကြ အပြင်ကခုံလှလှလေးတွေမှာရော အေးအေးလေးနဲ့ဆို air con ခန်းထဲ ထိုင်လို့ရပါတယ်။

မင်မင်တို့ရဲ့အကြိုက်ဖြစ်တဲ့ အစားအသောက်ပိုင်းလာပါပြီ

 "WaveDesserts" နာမည်အတိုင်း Desserts ကတော့ စားကြည့်တာနဲ့ heaven အလားဘဲ ရှယ်ကောင်း။ Tart လေးတွေ 3မျိုး 4မျိုးလောက်ရှိတယ်။cake တွေဆိုလည်း စားကောင်းတယ်။ချိုပေမယ့်အရမ်းမအီဘူးရော်။တစ်ချို့ မုန့်လေးတွေက အရသာဆင်ဆင်လေးလို့ခံစားရတယ်။

မင်မင်တို့ စားဖြစ်ခဲ့တာဆို Strawberry Tart (ပါးစပ်ထဲရောက်သွားတာနဲ့ချိုတဲ့အရသာရယ် strawberry သီးရဲ့ ချဥ်တာလေးရယ်နဲ့ အိုးး ရှယ်good)၊ Croffles with honey amd butter ရယ်၊ Mille Feuille (ဒါလေးက Signature လေးလည်းဟုတ်တယ်)၊Red Velvet(မင်မင် favouriteလေးပါ အချိုသိပ်မစားဖြစ်တဲ့သူတောင် စားကောင်းလို့ပါဆို မယုံရင် try ကြည့်ကြည့်နော်) lunch အတွက်လည်းMenu တွေရှိတယ်။မင်မင်တို့ကတော့ ထမင်းစားပြီးမှသွားတာမို့ အချိုဘဲတည်းခဲ့ပါတယ်လို့။

Drinksတွေဆိုလည်းသောက်လို့ကောင်းတယ် ။ 

ကြည့်လိုက်တာနဲ့သောက်ချင်စရာ အရောင်စပ်လေးတွေရယ်။လှလှလေးတွေနဲ့စားလို့လည်းကောင်းတယ့်menu လေးတွေလည်းအများကြီးရှိပါသေးတယ်။

မင်မင်တို့သိရသလောက် အရင်က online order နဲ့ pick up ဘဲရတာပါတဲ့ ခုဒီဆိုင်လေးကလည်း ဖွင့်တာမကြာသေးဘူး။ဒါမယ့်လာတဲ့သူတွေမပြတ်ဘူးနော်။ မနက်နဲ့နေ့လည် ၀န်းကျင်ဆိုရင်တော့ လူအရမ်းမများလို့ ဓာတ်ဖမ်းရလည်းအဆင်ပြေတယ်။ခြံ၀န်းဖြစ်တာကြောင့် car parking လည်းအဆင်ပြေပါတယ်။ကိုယ်ထိုင်ချင်တဲ့နေရာလေးရအောင် booking လေးတချက်လုပ်ပြီးမှသွားတာပိုကောင်းတယ်နော်။

WaveDesserts Inya Myaing · 42 Inya Myaing Rd, Yangon 11201, Myanmar (Birma)
★★★★☆ · Bakkerij

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်