Web Browser အတွက် WhatsApp ၏ Feature အသစ်
WhatsApp သည် ၎င်း၏ Web version တွင် voiceနှင့်video callခေါ်ဆိုမှု featuresများကိုထည့်သွင်းရန်လုပ်ဆောင်နေပြီး ၎င်းကိုmobile app နှင့်ပုံစံတူဖန်တီးမည်ဟုသိရသည်။ယုံကြည်စိတ်ချရသောအရင်းအမြစ်ဖြစ်သော WBetaInfo အရမကြာသေးမီက beta update တွင် voice နှင့် video call အတွက်နမူနာများပြသခဲ့သည်။
Apps ထည့်သွင်းမှုများကို ကန့်သတ်ထားသည့် အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်သူများနှင့်computer ,laptop စသောပစ္စည်းအမျိုးမျိုးကြားမှာ ပုံသေမရှိပဲအမြဲပြောင်းလဲအသုံးပြုနေရသူများအတွက်သတင်းကောင်းတစ်ခုလဲဖြစ်ပါတယ်။
စတင်အသုံးပြုလို့ရသည်နှင့်အသုံးပြုသူများသည် mobile သို့မဟုတ် desktop app တွင်အသုံးပြုရသကဲ့သို့ web browser ပေါ်တွင်ဖုန်းခေါ်ဆိုမှုများကိုတိုက်ရိုက်လက်ခံနိုင်မည်ဖြစ်သည်။
လက်ရှိတွင် အသုံးပြုသူများသည် အသံဖိုင် messages များအတွက်ပြန်ဖတ်ခြင်းကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန်သာ ရွေးချယ်နိုင်သော်လည်း မကြာမီရောက်မည့် update တွင်မည်သည့် အသံဖိုင် messagesကိုမဆို ပြန်ဖတ်လိုသည်ကို ကိုယ်တိုင် ရွေးချယ်နိုင်မည့် (manual selection) ကို ထည့်သွင်းပေးမည်ဖြစ်သည်။အဆိုပါ function ကို iPhone များတွင် မြင်တွေ့ပြီးဖြစ်သည်။