ဝေဟင်မှာ ၁လ ဝန်းကျင်ပျံသန်းနိုင်သော solar Drone
ပြင်သစ်နိုင်ငံမှကာကွယ်ရေးနည်းပညာကုမ္ပဏီ Thales နှင့် အမေရိကန်နိုင်ငံမှ လေကြောင်းနည်းပညာအဖွဲ့အစည်း Skydweller Aero တို့ပူးပေါင်း၍ MAPS (Medium-Altitude Pseudo-Satellite) ဟုအမည်ရသော နေစွမ်းအင်ဖြင့်မောင်းနှင်နိုင်သည့် Drone တစ်စင်းကိုမိတ်ဆက်လိုက်သည်။၎င်းသည် ပင်လယ်ပြင်စောင့်ကြည့်ရေးလုပ်ငန်းများအတွက် ရက်ပေါင်း ၃၀ (၁လ)ခန့် မောင်းနှင်နိုင်သောယာဉ်တစ်စင်းဖြစ်သည်။
Boeing 747 ထက်အတောင်ပံပိုကြီးပြီး အလေးချိန် ၄၀၀ ကီလိုဂရမ်ရှိသောအဆိုပါ Drone သည် နေရောင်ခြည် စွမ်းအင်ကိုအသုံးပြု၍ အလယ်အလတ်အမြင့်ထိပျံသန်းနိုင်သည်။Thales ၏ AI စွမ်းအင်သုံး AirMaster S ရေဒါအမျိုးအစားပါဝင်ပြီး ဒေတာပေးပို့မှုများကို ဝေဟင်၊ကုန်းမြေနှင့်ပင်လယ် တို့မှအချက်အလက်များကိုအချိန်နှင့်တပြေးညီ စောင့်ကြည့်ပေးပို့နိုင်သည်ဟုသိရသည်။
အဆိုပါ Drone ဖြင့် တရားမဝင်မှောင်ခိုကုန်ကူးမှုကို ခြေရာခံခြင်း၊ ပင်လယ်ဓားပြတိုက်ဖျက်ရေး လုပ်ငန်းများကိုလုပ်ဆောင်ရန်နှင့်ပင်လယ်ပြင်ကိုစောင့်ကြည့်ရန် တည်ဆောက်ထားသည်။
Skydweller Aero သည်နာမည်ကြီး Solar Impulse Project မှ မျိုးဆက်အသစ်အဖြစ်ပေါ်ထွက်လာပြီး ယခုပူးပေါင်းဆောင်ရွက်မှုသည် ယနေ့ခေတ် Transatlantic (အမေရိကန်-ဥရောပ) ကာကွယ်ရေးနည်းပညာပူးပေါင်းမှုအသစ်အဖြစ်ထင်ဟပ်စေသည်။