အရသာရှိတာလေးတွေ စားရင်း တစ်နေ့တာကို ဖြတ်သန်းကြမယ်

အရသာရှိတာလေးတွေ စားရင်း တစ်နေ့တာကို ဖြတ်သန်းကြမယ်

မင်မင်ကတော့ ပုံမှန်လုပ်စရာရှိတာလေးတွေလုပ် ဒါမှမဟုတ် အရသာရှိတာလေးတွေ လုပ်စားရင်းနဲ့ တစ်နေ့တာကို ကုန်ဆုံးဖြစ်တာ များပါတယ်။

ဒီနေ့မှာတော့ မင်မင်တစ်နေ့တာ ဘာတွေလုပ်လဲ ဘယ်လိုအရသာရှိတာတွေ လုပ်စားဖြစ်လဲဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ အားလုံးကို ပြောပြပေးထားတာမို့လို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်လက်ဖတ်ပေးကြဦးနော်။

ဒါကတော့ မင်မင် ဒီရက်ပိုင်း အရမ်းကို သဘောကျနေတဲ့ Furikake (Japanese rice seasoning ) အထုပ်လေးတွေပါ။ သူ့ကို သဘောကျတဲ့ အချက်ကတော့ အချိန်လည်း အများကြီး ပေးစရာမလိုတဲ့ အပြင် အရသာလည်း အရမ်းရှိတာကိုပဲ။
မင်မင်ကတော့ ထမင်းပူပူလေးပေါ်မှာ ဆီလေးနည်းနည်းလေးထည့်ပြီး သူ့မှာပါတဲ့ အမှုန့်လေးတွေနဲ့ နယ်စားတာ တော်တော်ကို အရသာရှိတာ။ ဒီအထုပ်လေးဆို ကိုယ်လိုသလောက်ထည့်ပြီး ပြန်လည်း ပိတ်လို့ရတော့ waste ဖြစ်မှာလည်း စိုးရိမ်စရာ မလိုတော့ဘူးပေါ့။
အစုံပဲ အရသာတွေကလည်း ။ မင်မင်ကတော့ ဘယ်အထုပ်ဖောက်ဖောက် ထမင်းကုန်တာပဲ။ ကလေးတွေ ထမင်းသိပ်မစားဘူးဆိုရင်လည်း ဒါလေးကို Onigiri လိုမျိုးလေး လုပ်ပြီး ကျွေးကြည့်ကြနော်။
ဒါကတော့ နေ့လည် ဗိုက်ထပ်ဆာလို့ လုပ်စားဖြစ်တဲ့ ခေါက်ဆွဲပြုတ်လေးပါ။ မင်မင်ကတော့ ရှိတဲ့ အရွက်လေးတွေရယ် ကြက်ဉလေးရယ်နဲ့ စားလိုက်ပါတယ်။ သူ့ခေါက်ဆွဲသားကလေ အရမ်းနူးညံ့ပြီး အရသာကလည်း စပ်စပ်လေးနဲ့ လုံးဝ စားကောင်းတယ်။
ဒါလေးဆိုလည်း ပြုတ်ထဲက မွှေးနေတာပဲ ။ အနံ့နဲ့တင် တော်တော် စားချင်နေပြီ သူက။ သူကကျ အစပ်မစားနိုင်တဲ့သူ ကလေးတွေအတွက်ဆို တော်တော် အဆင်ပြေမှာ။ မင်မင်ကတော့ ဒါလေးလည်း ကြိုက်လို့ နောက်တစ်ခေါက်ကျ အသားတွေ ဝက်မှိုလုံးတွေနဲ့ စားဖို့ စီစဉ်ထားလိုက်ပါပြီ။
ပြီးရင်တော့ ထုံးစံအတိုင်း အချိုက စားချင်ပြီလေ။ page မှာ promotion လည်းရှိတာနဲ့ စိတ်ကြိုက်တွေ မှာထားလိုက်တယ်။ အလုပ်မလုပ်ခင်လေး ကိုယ့်အကြိုက်ဆုံး FRIENDS လေးရယ် kitkat တွေနဲ့ အနားယူလိုက်ပါတယ်။
အစုံပဲနော်။ မင်မင်ကတော့ mint ကြိုက်တဲ့သူမို့ အဲ့တာလေးကိုတော့ အကြိုက်ဆုံးပဲ ။ မင်မင်လို mint ကြိုက်တဲ့သူတွေဆို ဒီmint အရသာလေး စားကြည့်နော် တစ်ကယ်ကောင်းတယ်။
ဒါကတော့ Valentines day လည်း နီးပြီဆိုတော့ မင်မင်လို ပန်းစည်းထပ် မုန့်ပို ကြိုက်တဲ့သူတွေ အတွက် သတင်းကောင်း တစ်ခုပြောချင်လို့။ မင်မင် မုန့်မှာတဲ့ Kiwami ဆိုတဲ့ page လေးမှာ ဒီလို Kitkat ပန်းစည်းတွေရော giftbox တွေရော အခြား မုန့်ပန်းစည်းတွေရော ဒါတွေကို Feb 14 ရက်နေ့အထိ promotion တွေ ချပေးထားတယ်နော်။
ဒီလိုမျိုး Kitkat အစုံလည်းပါတဲ့ မုန့်ပန်းစည်းကိုမှ ၃၅၀၀၀ကျပ်နဲ့ ရမှာနော်။ ၁၄ ရက်နေ့ထိ promotion ကလည်း ရှိတော့ ချစ်ရသူကို လက်ဆောင်ပေးချင်တယ်ဆိုရင် ခုပဲ မှာလိုက်ကြဖို့ ပြောချင်ပါတယ်။
ဒီကော်ဖီလေးလည်း အရမ်းကောင်း။ သူ့မှာက အချိုရယ် 0 calorieရယ် diet အတွက်ရယ်ဆိုပြီး ၃မျိုးတောင်ရှိတယ်။ မင်မင်ကတော့ 0 Calorie လေး တော်တော် ကြိုက်တယ်။ ရုံးကလူတွေဆိုလည်း ကြိုက်ကြလို့ ဒီလို တစ်ဘူးဆို ၂ရက်တောင် မခံဘူး။
တစ်နေရာတည်းမှာပဲ ဒါလေးတွေလည်း မှာလို့ရတော့ အလုပ်မရှုပ်တော့ဘူးပေါ့။ body wash ဘေးနားက ဘာလဲဆိုတာတော့ အားလုံးလည်း သိကြမှာပါနော် xD။ Shampooဆို ဘူးလေးဖွင့်လိုက်တာနဲ့ အနံ့လေးက မွှေးနေရောပဲ ။ သူ့အနံံ့ကလေ သင်းသင်းလေးနဲ့ အရမ်းကြီး မွှန်ထူနေတာမျိုးမဟုတ်တော့ တော်တော် အဆင်ပြေတယ်။ အခြား skincare products တွေလိုချင်ရင်လည်း မင်မင် နောက်ဆုံးမှာပြထားတဲ့ page လေးမှာ မှာလို့ရပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ