WhatsApp က သူတို့ရဲ့ iOS App မှာ ပြင်းထန်တဲ့ Security Bug တစ်ခု ရှိခဲ့ကြောင်း ပြောလိုက်ပါတယ်။ ဒီ Bug ကို အသုံးပြုပြီး iPhone နဲ့ iPad User တွေကို Targeted Attack လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 ဒီ Vulnerability က Zero-click Attack ခေါ် User ဘာမှ လုပ်စရာ မလိုဘဲ Device ကို Hack လုပ်နိုင်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ Attacker က Special Crafted Message ပို့ရုံနဲ့ iPhone ကို ထိန်းချုပ်နိုင်ပါတယ်။ User က Message ကို ဖွင့်ကြည့်စရာ မလိုအပ်ဘဲ Background မှာ အလိုအလျောက် Execute ဖြစ်သွားတာဖြစ်ပါတယ်။

 ဒီ Bug ကို အသုံးပြုပြီး Personal Data တွေ ခိုးယူတာ၊ Messages, Photos, Contacts အားလုံး Access လုပ်နိုင်တာ၊ Microphone နဲ့ Camera ကို Remote Control တွေအပြင် Location Tracking တွေကိုပါလုပ်နိုင်ပါတယ်။

 WhatsApp iOS Version အဟောင်း သုံးနေသူတွေ အားလုံး ထိခိုက်နိုင်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် Auto-update ပိတ်ထားသူတွေ မှာ ပိုအန္တရာယ်ရှိပါတယ်။ High-profile Targets (နိုင်ငံရေးသမား၊ သတင်းသမား၊ Activist) တွေကို အဓိက ပစ်မှတ်ထားတယ်လို့ သိရပါတယ်။

 Security Researchers တွေက ဒီ Bug ကို NSO Group ရဲ့ Pegasus Spyware က အသုံးပြုခဲ့တယ်လို့ ယူဆကြပါတယ်။ Pegasus က ကမ္ဘာ့အစိုးရ အချို့က သုံးတဲ့ Surveillance Tool ဖြစ်ပါတယ်။ ဒီ Tool က Journalist တွေ၊ Human Rights Activist တွေကို စောင့်ကြည့်ဖို့ အသုံးပြုခဲ့တယ်လို့ အထောက်အထား ရှိပါတယ်။

 WhatsApp (Meta) က ဒီ Bug ကို ရှာတွေ့ပြီး ချက်ချင်း Patch လုပ်ခဲ့ပါတယ်။ Latest Version မှာ ဒီ Vulnerability ကို ပြင်ဆင်ပြီးပါပြီ။ Affected Users တွေကို တိုက်ရိုက် အသိပေးခဲ့တဲ့အပြင် Apple နဲ့ ပူးပေါင်းပြီး Investigation လုပ်နေပါတယ်။

 ဒီ Spyware ကိုကာကွယ်ဖို့အတွက် WhatsApp ကို Latest Version (2.24.XX.XX) အမြန်ဆုံး Update လုပ်ဖို့လိုပါတယ်။ iPhone Settings > General > Software Update မှာ iOS Update ရှိမရှိ စစ်ဖို့လိုအပ်ပြီး Auto-update Feature ကို ဖွင့်ထားဖို့လဲလိုအပ်ပါတယ်။ Unknown Number တွေက ပေးပို့တဲ့ Message တွေကို သတိထားပြီးဝင်ကြည့်ဖို့နဲ့ Two-factor Authentication ဖွင့်ထားတာမျိုးတွေနဲ့ ကာကွယ်ရမှာပါ။

 #AkhayarTech #WhatsApp #SecurityBug #iOS #iPhone #CyberSecurity #ZeroClick #PrivacyMatters #UpdateNow