အိမ်ဖြူတော်က ဘာကြောင့် အဖြူရောင်ဖြစ်နေရတာလဲ

အိမ်ဖြူတော်က ဘာကြောင့် အဖြူရောင်ဖြစ်နေရတာလဲ
Photo by René DeAnda / Unsplash

အမေရိကန်သမ္မတတွေ အစဉ်အဆက်နေထိုင်ကြတဲ့ အိမ်တော်ကို “ အိမ်ဖြုူတော်” လို့ ခေါ်ကြတာ လူတိုင်းသိကြမှာပါ။ အိမ်ဖြူတော်လို့ ခေါ်တွင်ကြသလို အိမ်ရဲ့အရောင်ကလည်း အဖြူရောင်ဖြစ်နေတာကို တွေ့မြင်ရမှာပါ။ ခေတ်အဆက်ဆက်သမ္မတတွေ နေထိုင်ခဲ့ကြပေမယ့် အိမ်ဖြူတော်ရဲ့အရောင်ကိုလည်း နာမည်အတိုင်း အဖြူရောင်နဲ့ပဲ ရှိနေတာကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုပါပဲ။ ဘာကြောင့် အိမ်ဖြူတော်ရဲ့အရောင်က အဖြူရောင်အဖြစ်နဲ့ပဲ ရှိနေရတာလဲ နာမည်နဲ့လိုက်အောင်လို့ အဖြူုရောင်ပဲ ထားရှိတာလား သိရအောင် လေ့လာကြည့်လိုက်ကြရအောင်။

အိမ်ဖြူတော် အဖြူရောင်စတင်ပြီးသုတ်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ ၁၈၁၂ ခုနစ်တုန်းက ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် မီးလောင်ပျက်စီးသွားတဲ့ အဆောက်အအုံရဲ့ အမှတ်အသားတွေကို ဖုံးကွယ်ဖို့အတွက် အစပျိုးရာမှ စတင်ခဲ့တာပါ။ အိမ်ဖြူတော်ကို စတင်ဆောက်တဲ့ ၁၇၉၁ ခုနစ်မှာ သမ္မတအိမ်တော်အဖြစ်နဲ့ပဲ ခေါ်တွင်ပြီး အငှားချပေးခဲ့တာပါ။ အဲဒီအချိန်မှာ အဖြူရောင်ဟာ အရမ်းကို အရမ်းကို ခေတ်စားနေပါတယ်။

အမှန်မှာကတော့ သမ္မတအိမ်တော်ရဲ့အဖြူရောင်ဟာ သုတ်ဆေးအဖြူမဟုတ်ဘဲ ထုံးကျောက်ကို အခြေခံထားတဲ့ ထုံးဖြူမှုန့်နဲ့ သုတ်ထားတာ ဖြစ်ပါတယ်။ နံရံကို သဲကျောက်နဲ့ ပြုလုပ်ထားပြီး အဆိုပါကျောက်ပြားတွေက ဆောင်းတွင်းမှာ အအေးတွေစိမ့်မဝင်လာနိုင်အောင် ကာကွယ်ပေးထားပါတယ်လို့ Whitehousehistory.org ရဲ့အဆိုအရ သိရပါတယ်။ အလုပ်သမားတွေက ရာသီဥတုဒဏ်ကြောင့် ပျက်စီးသွားတဲ့ ထုံးဖြူမှုန့်တွေကို ပြန်ပြန်ပြီး သုတ်ပေးတဲ့အတွက်ကြောင့် အဲဒီလို ဖြူပြီးသစ်လွင်နေတဲ့ အဆောက်အဦးအဖြစ် တွေ့မြင်နေရတာပါ။

အိမ်ဖြူတော်လို့ အမည်တွင်နေပေမယ့် နာမည်အမှန်ကတော့ သမ္မတအိမ်တော်ဖြစ်ပြီး ထုထည်ကြီးမားတဲ့ အိမ်အဖြူရောင် ဖြစ်နေတဲ့ အမှတ်အသားကို အစွဲပြုပြီး နာမည်ပြောင်အနေနဲ့ အိမ်ဖြူတော်ဆိုပြီး တွင်ခဲ့တာဖြစ်ပါတယ်။ ၁၈၁၂ ခုနစ်အစောပိုင်းတုန်းက အမေရိကန်လွှတ်တော်အမတ် Abijah Bigelow က စာတစ်စောင်မှာ သမ္မတအိမ်တော်လို့ ရေးသားခဲ့ပါတယ်။ ၁၈၁၈ ခုနစ်မှာတော့ ထုံးဖြူမှုန့်အစား အဖြူရောင်ခဲသတ္တုနဲ့ ပြောင်းလဲဖုံးအုပ်လိုက်ပါတယ်။ ၁၉၀၁ ခုနှစ်နောက်ပိုင်းမှာ နာမည်ပြောင်ဖြစ်တဲ့ အိမ်တော်ဖြူဟာ တရားဝင်နာမည်ဖြစ်လာပြီး  သမ္မတ Theodore Roosevelt က ဒီနာမည်ကို တရားဝင်ဖြစ်လာအောင် ပြုလုပ်ပေးခဲ့ပါတယ်။

ဒီလောက်ဆိုရင် ဘာကြောင့် အိမ်ဖြူတော်က အဖြူရောင်ဖြစ်နေရတာလဲဆိုတာနဲ့ အိမ်ဖြူတော်အဖြစ်ပါ နာမည်တွင်ရတဲ့ အကြောင်းတွေကို ကောင်းကောင်း သိရှိသွားလောက်ပြီဖြစ်မယ်လို့ ထင်ပါတယ်။ ပရိသတ်ကြီးရော အိမ်ဖြူတော်နဲ့ ပတ်သက်ပြီး တခြားသိထားတဲ့ ဗဟုသုတလေးတွေရှိသေးရင် ပြန်လည်မျှဝေပေးခဲ့ပါဦးနော်။

H.H(Akhayar)

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ