WiFi အတွက်ဂြိုလ်တုနည်းပညာအသုံးပြုမည့် Scotland ရထားလိုင်း

WiFi အတွက်ဂြိုလ်တုနည်းပညာအသုံးပြုမည့် Scotland ရထားလိုင်း

ScotRail ရထားလိုင်းသည်ရထားပေါ်တွင် ခရီးသည်များ wi-fi အသုံးပြုနိုင်ရန်အတွက် Elon Musk ၏ ဂြိုလ်တုနည်းပညာကို အသုံးပြုမည်ဖြစ်သည်။စကော့တလန်မြောက်ပိုင်းရှိ ရထားခြောက်စင်းကို ကမ္ဘာမြေပြင်နှင့်နီးကပ်သောပတ်လမ်း (Leo) ကွန်ရက်ပေါ်ရှိ Starlink နှင့် ချိတ်ဆက်ရန်အတွက်လိုအပ်သောစက်ကိရိယာများကိုတပ်ဆင်အသုံးပြုရန်ပြင်ဆင်နေသည်။

ScotRail ​၏အဆိုပါ လုပ်ဆောင်ချက်သည်ဗြိတိန်အတွက်ပထမဆုံးဖြစ်ပြီး အောင်မြင်ပါက ScotRail ရှိရထားများအားလုံးတွင်ဆက်လက်အသုံးပြုနိုင်ရန်ဆောင်ရွက်သွားမည်ဟုဆိုထားသည်။

၎င်းသည် အနောက်ဘက်ကုန်းမြင့်၊ Stranraer၊ Dumfries နှင့်အခြားသောအစွန်အဖျားဒေသများ အပါအဝင် ကျေးလက်ဒေသများအထိကျယ်ပြန်သွားမည်ဖြစ်သည်။ScotRail ကရထားအသစ်များဝယ်ယူရာတွင်လည်းနည်းပညာပြည့်စုံမှုကိုအထူးအလေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စီးပွားရေးဝန်ကြီး Richard Lochhead ကယုံကြည်စိတ်ချရသော အင်တာနက် ချိတ်ဆက်မှုများသည် ခရီးသည်များ၏ ခရီးစဉ်ကိုပိုမိုပျော်ရွှင်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။

ScotRail မဟာဗျူဟာနှင့်စီမံကိန်းဒါရိုက်တာ Scott Prentice က "ဒီပရောဂျက်ဟာ ဒေသတွင်း ရထားချိတ်ဆက်မှုအတွက် စိန်ခေါ်မှုများကို ဖြေရှင်းပေးပြီး ဒါဟာစကော့တလန်မှာရှိတဲ့ တခြားကျေးလက်ဒေသများအထိကျယ်ပြန့်သော networkတစ်ခု"ဖြစ်လာလိမ့်မည်ဟုလဲမှတ်ချက်ပေးထားသည်။

Read more

သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ လက္ခဏာ (၆) ရပ်

သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ လက္ခဏာ (၆) ရပ်

သမီးရည်းစား ဆက်ဆံရေးအကြောင်းတွေကို စာတစ်တန် ပေတစ်တန်နဲ့ အပြောများကြပေမယ့် လူတွေ မေ့နေတတ်ကြတာ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ အရေးပါမှုပါ။ အမြဲတမ်း တာဝန်တစ်ခုလိ

မှားပြီးရင်းမှားနေတယ်လို့ပြောလာသည့် NVIDIA CEO

မှားပြီးရင်းမှားနေတယ်လို့ပြောလာသည့် NVIDIA CEO

Nvidia အမှုဆောင်အရာရှိချုပ် Jensen Huang က အမေရိကန်အစိုးရအဖွဲ့အစည်းသည်တရုတ်နိုင်ငံသို့ အဆင့်မြင့်ကွန်ပျူတာchip များပို့ခြင်းကို တားမြစ်တဲ့စည်းမျဉ်းများအား“မအောင်မြင်

ပြင်သစ်ကို အနိုင်ယူပြီး UEFA Nations League ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ လက်ရှိချန်ပီယံစပိန်

ပြင်သစ်ကို အနိုင်ယူပြီး UEFA Nations League ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ လက်ရှိချန်ပီယံစပိန်

UEFA Nations League Semi-Final စပိန် (၅-၄) ပြင်သစ် ဒီနောက်ပိုင်း ဥရောပမှာ ပြိုင်ဆိုင်မှုကြီးမားလာကြတဲ့ စပိန်နဲ့ ပြင်သစ်အသင်းတို့ရဲ့ UEFA Nations League ဆီမီးဖိုင်နယ်ပွဲက တစ်ပွဲလုံးအပြ