Windows 11 မှာ Android App တွေ ဆက်သုံးလို့ရတော့မယ်
Microsoft ရဲ့ အသစ်စက်စက် Feature မှာ Windows 11 သုံးနေတဲ့ သူတွေအတွက် သတင်းကောင်းတစ်ခု ရှိလာပါပြီ။ Android ဖုန်းမှာ သုံးနေတဲ့ App တွေကို Windows PC မှာ ဆက်လက်အသုံးပြုလို့ရမယ့် Feature အသစ်ကို Microsoft က စမ်းသပ်နေတာပါ။
ပုံမှန်ဆိုရင် ဖုန်းမှာ App တစ်ခုသုံးနေပြီး PC မှာ ဆက်သုံးချင်ရင် App ကို ပိတ်ပြီး PC မှာ ပြန်ဖွင့်ရတာ ဖြစ်ပါတယ်။ အခုတော့ ဒီပြဿနာ ပြေလည်သွားပါပြီ။ Phone Link ဆိုတဲ့ App ကို သုံးပြီး ဖုန်းမှာ ဖွင့်ထားတဲ့ App ကို PC မှာ အလိုအလျောက် ဆက်သုံးလို့ရမှာပါ။
ဥပမာပြောရရင် ဖုန်းမှာ Instagram Story တင်နေတယ်၊ အိမ်ရောက်တော့ PC ရဲ့ ပိုကြီးတဲ့ Screen မှာ ဆက်တင်ချင်တယ်ဆိုပါစို့။ Phone Link ကို ဖွင့်လိုက်တာနဲ့ Instagram App က PC မှာ (Resume form your phone) ဆိုတဲ့စာသား ပေါ်လာပြီး ရပ်ထားတဲ့နေရာကနေ ဆက်လုပ်လို့ရမှာပါ။ TikTok ကြည့်နေတာပဲဖြစ်ဖြစ်၊ WhatsApp မှာ Chat လုပ်နေတာပဲဖြစ်ဖြစ် အကုန်လုံး အဆင်ပြေပြေ ပြောင်းသုံးလို့ရမှာပါ။
ဒီ features ကိုသုံးဖို့ဆိုရင်တော့ Windows 11 ရှိတဲ့ PC တစ်လုံး ရယ် Android 7.0 အထက် သုံးတဲ့ဖုန်း တစ်လုံး လိုမှာဖြစ်ပါတယ်။ Phone Link App ကို ဖုန်းရော PC မှာပါ ထည့်ထား ပြီး WiFi network တစ်ခုထဲကိုချိတ်ထားမယ် ဒါမှမဟုတ် Bluetooth နဲ့ ချိတ်ဆက်ထားလည်း ရပါတယ်။
Instagram, TikTok, WhatsApp, Telegram, Facebook စတဲ့ Social Media App တွေအပြင် Game တွေ၊ Shopping App တွေ၊ Banking App တွေ စသည်ဖြင့် Android App အားလုံးနီးပါး သုံးလို့ရမှာပါ။ အထူးသဖြင့် Mobile Game တွေကို PC ရဲ့ ပိုကြီးတဲ့ Screen မှာ ဆက်ဆော့လို့ရမယ်ဆိုတော့ Gamer တွေအတွက် သတင်းကောင်းပါပဲ။
ဒီ Feature ရဲ့ အားသာချက်က ဖုန်းနဲ့ PC ကြား File တွေ Transfer လုပ်စရာ မလိုတော့ဘူး။ Cloud Save တွေ Sync ဖြစ်အောင် စောင့်စရာ မလိုတော့ဘူး။ တစ်ခုကနေ တစ်ခု အလွယ်တကူ ပြောင်းသုံးလို့ရမှာပါ။ အလုပ်လုပ်နေတဲ့ Flow ကို မပြတ်တောက်စေပဲ Device ပြောင်းသုံးလို့ရမယ်ဆိုတော့ Productivity အတွက် အရမ်းကောင်းပါတယ်။
အခုလောလောဆယ်တော့ Windows Insider Program မှာပဲ Test လုပ်လို့ရပါသေးတယ်။ ဘယ်အချိန်မှာ Public Release လုပ်မယ်ဆိုတာ Microsoft က အတိအကျ မပြောသေးပေမယ့် မကြာခင်မှာ ထွက်လာနိုင်ပါတယ်။
Apple Ecosystem မှာ iPhone နဲ့ Mac ကို Continuity Feature နဲ့ အဆင်ပြေပြေ ချိတ်သုံးလို့ရသလို Windows နဲ့ Android မှာလည်း ဒီလို Experience မျိုး ရတော့မှာပါ။ Microsoft က Android နဲ့ ပိုမို Integration ကောင်းအောင် ဆက်လုပ်နေတာကို တွေ့ရတာ ဝမ်းသာစရာပါ။
Akhayar Tech ပရိတ်သတ်တွေအနေနဲ့ရောဘယ် App တွေကို PC မှာ ဆက်သုံးချင်လဲ။
Discussion