Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။

၂၀၂၅ ခုနှစ် ဇွန်လက DARPA ၏ POWER ပရိုဂရမ်တစ်ခုကို နယူးမက်ဆီကိုပြည်နယ်တွင် စမ်းသပ်မှုတစ်ခုအောင်မြင်စွာပြုလုပ်ခဲ့သည်။ စမ်းသပ်မှုအတွက် လေဆာတန်းကို အသုံးပြုပြီး ၅.၃ မိုင် (ကီလိုမီတာ ၈.၆) အကွာမှ watts 800 ကျော်သည့်လျှပ်စစ်ဓာတ်အားကို အောင်မြင်စွာပေးပို့နိုင်ခဲ့သည်။

အဆိုပါ စမ်းသပ်မှုသည် စက္ကန့် ၃၀ ကြာမြင့်ခဲ့ပြီးစုစုပေါင်း 1 megajoule စွမ်းအင်ပေးပို့နိုင်ခဲ့သည်။ ယခင်မှတ်တမ်းတွင် watts 230 ကို မိုင်အားဖြင့် ၁.၇ (ကီလိုမီတာ ၂.၇) အကွာမှပေးပို့နိုင်ခဲ့ပြီး ယခုစမ်းသပ်မှုသည် ယခင်စမ်းသပ်မှုထပ်များစွာတိုးတက်လာကြောင်းသိရသည်။

ဤနည်းပညာအောင်မြင်မှုသည် မကြာသေးမည့်အနာဂတ်တွင် ဝေဟင်ထဲပျံသန်းနေသည့် ဒရုန်းများကို တိုက်ရိုက် စွမ်းအင်ထောက်ပံ့နိုင်စေခြင်း သို့မဟုတ် စစ်ရေးအရ အရေးပေါ်ဒေသများကိုလိုအပ်သည့်အချိန်တွင် စွမ်းအင်ကို အလွယ်တကူပေးပို့နိုင်ခြင်းစသည့် နယ်ပယ်များတွင် အသုံးဝင်လာမည့်အခြေခံနည်းပညာလည်းဖြစ်လာနိုင်သည်။

Read more

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ