အလုပ်မှာ အမှားနည်းနိုင်သမျှနည်းပြီး အလုပ်တွေမြန်မြန်ပြီးစေဖို့

အလုပ်မှာ အမှားနည်းနိုင်သမျှနည်းပြီး အလုပ်တွေမြန်မြန်ပြီးစေဖို့

Multitask ဆိုတဲ့ အလုပ်ကိုတစ်ချိန်တည်းမှာ စွယ်စုံလုပ်နေတာမျိုးရှောင်ပါ။
လုပ်ငန်းခွင်နဲ့ပတ်သတ်ပြီး စစ်တမ်းကောက်ယူတာမျိုးလုပ်တဲ့ ရလဒ်တော်တေ်ာများများမှာ Multitasking လုပ်ခြင်းရဲ့ အကျိုးမရှိမှုများကို တွေ့ရမှာပါ။ တစ်ချိန်တည်းမှာ မြန်မြန်ပြီးတယ်ဆိုပေမယ့် အာစုံစူးစိုက်မှုများတဲ့အတွက် မလိုလားအပ်တဲ့အမှားတွေ လုပ်မိမှာပါ။ အရာအားလုံးကို တစ်ချိန်တည်းမှာအကုန်ပြီးေအောင် လောဘတကြီးလုပ်တာမျိုးမဟုတ်ဘဲ တစ်နေ့တာအတွင်းမှာ ဘယ်အလုပ်ကိုတော့ ဘယ်အချိန်ပြီးအောင်လုပ်မယ်ဆိုတာမျိုးကို သေချာ စီစဉ်ထားတာပိုကောင်းပါတယ်။

အာရုံလွဲစေတဲ့အရာတွေကို တတ်နိုင်သလောက်မလုပ်မိအောင် မရှိအောင်ရှောင်ပါ

ဥပမာ- ဖုန်းကနေ Social media ဖွင့်ထားလို့ Noti တွေတက်လာတာမျိုး၊ Silence မလုပ်ထားမိလို့ မလိုတဲ့ ဖုန်းအဝင်တွေဝင်လာတာမျိုး၊ ကွန်ပြူတာမှာဆိုလည်း မလိုတဲ့ Notifications တွေဝင်လာတာမျိုး၊ လုပ်ငန်းခွင်မှာ အလုပ်တူတူလုပ်တဲ့သူတွေနဲ့ စကားတွေ ဖောင်ဖွဲ့ပြီး မကြာခန ပြောတာမျိုးတွေဖြစ်ပါတယ်။ ဒါလေးတွေက အသေးအဖွဲလို့ဆိုနိုင်ပေမယ့် အလုပ်ပြီးမြောက်ဖို့၊ အလုပ်ကို မှန်မှန်ကန်ကန် တိတိကျကျ လုပ်နိုင်ဖို့ အနှောင့်အယှက်ပေးနေတာဖြစ်ပါတယ်။

အလုပ်တွေပုံနေတဲ့အခါ Checklists လေးမဖြစ်မနေလုပ်ထားပါ

လုပ်စရာအလုပ်တွေများတဲ့အခါ ခေါင်းထဲမှာပဲ မှတ်ထားလို့မလွယ်ပါ။ စာအုပ်ထဲမှာ လုပ်စရာရှိတာတွေ စာရင်းလုပ်ထားတယ်ဆိုလည်း ပြီးဆုံးတာတွေကို Tick လုပ်ပြီး ပြီးဆုံးကြောင်းမှတ်သားတဲ့ အကျင့်လေးတွေ လုပ်ပေးပါ။

လုပ်ပြီးသားအလုပ်တွေကို အမြဲ ၂ခါ ၃ခါ ပြန်စစ်ပါ။ Review လုပ်ပါ

ပြီးဆုံးသွားတဲ့ Proposal တွေ၊ စာရင်းတွေကို မှန်ရဲ့လား။ တကယ်သေချာပြီးရဲ့လား စစ်ပါ။ Double Check လို့ ပြောပါတယ်။ တခါတလေ အကောင်းဆုံးစစ်၊ အကောင်းဆုံးစစ်ထားတာတောင် အမှားပါသွားတတ်ပါတယ်။ သုံးခါလောက်တော့ စစ်လိုက်ပါ။ စစ်ပြီးရင်တော့ ကိုယ်လုပ်ထားတာကို Review လုပ်ပြီး ကောင်းမကောင်း၊ သင့်မသင့်ဆန်းစစ်ပါ။ အချိန်အများကြီးပေးပြီး လုပ်ထားတဲ့အလုပ်မျိုးအတွက်ဆိုရင်တော့ သေသေချာချာ ပြန်ဆန်းစစ်ကြည့်တာအကောင်းဆုံးပါ။

ခနလောက်အနားယူပြီး ကိုယ့်ကိုကိုယ် ပြန်လန်းဆန်းအောင်လုပ်ယူပါ

အလုပ်တွေအများကြီးလုပ်ပြီးသွားတဲ့အခါ ခေါင်းတွေပူလာပြီး စိတ်ကော လူကော ပင်ပန်းလာတတ်ပါတယ်။ စိတ်ဖိစီးမှုတွေ ဖြစ်လာပြီး အလုပ်ပေါ်အာရုံစူးစိုက်မှုနည်းလာပြီး အလုပ်လုပ်တာ နှေးလာပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ အလုပ်ခုံကထပြီး ကော်ဖီသောက်တာဖြစ်ဖြစ်၊ လေကောင်းလေသန့်ရှူတာဖြစ်ဖြစ်၊ ၁၀ မိနစ်လောက် အနားယူတာဖြစ်ဖြစ်၊ အလုပ်အကြောင်းမတွေးဘဲ အနားယူပေးပါ။ အလုပ်မှာ ကြာရှည်လုပ်လို့ အရမ်းပန်းလာရင်လည်း ခွင့်ယူဖို့ အကြံပေးချင်ပါတယ်။

အချိန်ရွှေ့ဆိုင်းခြင်းကို ရှောင်ပါ

နောက်မှလုပ်လို့ရပါတယ်။ ခုလုပ်လည်း ပြီးတယ်။ လုပ်လို့ရတဲ့ ကိစ္စကို ဟိုပြောင်း ဒီရွှေ့လုပ်နေတာက အလုပ်မှာ အမှားဖြစ်စေတဲ့ အကြောင်းရင်းပါပဲ။ တစ်ခါတလေ အလုပ်တွေများလို့ ရွေ့ပြောင်းလိုက်ရတာတွေလည်း ရှိတတ်ပါတယ်။ အဓိကကတော့ ကိုယ်လုပ်ရမဲ့ဦးစားပေး Tasks တွေကို အရင်စီစဉ်လုပ်တာပိုကောင်းပါတယ်။ နောက်တစ်ခုကတော့ အချိန်တွက်ပြီး ပြီးသင့်ပြီးထိုက်တဲ့အချိန်မှာ ပြီးအောင်လုပ်မှလည်း အချိန်ရွှေ့ဆိုင်းလို့ အမှားဖြစ်ခြင်း၊ Timeline နောက်ကျခြင်းတွေကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်

Photo Credit - Unisan Group

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ