WWDC 2025 ကို ဇွန်လ ၉ ရက်မှာ ကျင်းပမယ်

မနှစ်ကတော့ iOS 18 နဲ့အတူ Apple Intelligence ကို မိတ်ဆက်ခဲ့ပြီး ဆင်ဖမ်းမယ် ကျားဖမ်းမယ်လို့တော့ ဆိုခဲ့တာပဲ။ ဒီနှစ်လည်း iOS 19 ကို အကြီးမားဆုံးပြောင်းလဲမှုတွေနဲ့ မိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်နေပါတယ်။ 

Apple ကတော့ နှစ်တိုင်းကျင်းပတဲ့ WWDC (Worldwide Developer Conference) ပွဲကြီးကို ဇွန်လ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။ မနှစ်ကလိုပဲ Online Event အနေနဲ့ ကျင်းပသွားမှာဖြစ်ပြီး ဇွန်လ ၉ ရက်နေ့ Apple Park မှာ တိုက်ရိုက် (in-person) မိတ်ဆက်ပွဲတစ်ခုလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

သတင်းတွေအရတော့ Apple က iOS 19 ဟာဆိုရင် iOS 7 မှစပြီး ဖြစ်လာတဲ့ အကြီးမားဆုံးပြောင်းလဲမှုများ ပါဝင်မယ်လို့ ဆိုထားပါတယ်။ Software update များအပြင် WWDC25 မှာ Apple ရဲ့ hardware အသစ်များ မိတ်ဆက်နိုင်ချေရှိပြီး အကုန်လုံးမျှော်လင့်နေကြတဲ့ Siri အသစ်ကိုလည်း မိတ်ဆက်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ 

Apple user တွေ အဓိကစောင့်မျှော်နေတာက Apple Intelligence ဆိုတော့ Feature အသစ်တွေပဲ ထပ်တွေ့နိုင်မလား စောင့်ကြည့်ရမှာပါ။ လက်ရှိမှာလည်း Apple Intelligence နဲ့ပတ်သက်ပြီး တရားစွဲခံထားရတာဆိုတော့ တစ်ခုခုတော့ ထူးခြားမှုတွေရှိလောက်မယ်လို့တော့ ထင်ရတာပါပဲ...