xAI ရဲ့ ရှယ်ယာတွေကို ရောင်းနေရပြီလား ..
Elon Musk တစ်ယောက် နိုင်ငံရေးထဲ ထဲထဲဝင်ဝင် ပါဝင်ပတ်သတ်ပြီးနောက် သူ့ရဲ့လုပ်ငန်းတွေဖြစ်တဲ့ Tesla အပါအဝင် X (Twitter) နဲ့ xAI တို့မှာလည်း ဂယက်တွေ တော်တော်ထလာပါတယ်။ လက်ရှိမှာဆိုရင်လည်း Tesla ရုံးချုပ်မှာ 24 နာရီပတ်လုံး အလုပ်လုပ်နေတာတွေအပြင် xAI ရဲ့ ရှယ်ယာတွေ ရောင်းချမှုကိုပါ လုပ်နေတာကို တွေ့လာရပါပြီ။
အီလွန်မတ်စ်ရဲ့ xAI ကုမ္ပဏီဟာ ဒေါ်လာ သန်း 300 သန်းတန်ဖိုးရှိတဲ့ ရှယ်ယာရောင်းချမှုတစ်ခုကို စတင်လုပ်ဆောင်နေပြီး ဒီလုပ်ငန်းရဲ့တန်ဖိုးဟာ ဒေါ်လာ 113 ဘီလီယံအထိ ရှိလာတယ်လို့ သတင်းထွက်ပေါ်နေတာပါ။
အမှန်တော့ ဒီရှယ်ယာရောင်းချမှုကနေ xAI ရဲ့ ကုမ္ပဏီဝန်ထမ်းတွေက သူတို့ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေကို အပြင်က ရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်းလို့ရမှာပါ။ ဒါဟာ နောက်ပိုင်းမှာ ပိုကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ဖို့ ပြင်ဆင်တဲ့ ပထမခြေလှမ်းလို့ ယူဆရပါတယ်။
ဒါပေမယ့် Musk ဟာ Donald Trump သမ္မတဖြစ်ပြီးနောက်ပိုင်း နိုင်ငံရေးမှာ အချိန်ပိုပေးနေရတာကြောင့် သူ့ရဲ့ကုမ္ပဏီတွေမှာ ပြဿနာတချို့ ရှိလာပါတယ်။ သူ့ရဲ့ကုမ္ပဏီတွေဖြစ်တဲ့ Tesla ရဲ့ရှယ်ယာတွေဟာ 2024 နဲ့ 2025 အကူးအပြောင်းကာလကနေ ပြီးခဲ့တဲ့ 6 လအတွင်းမှာတောင် အနိမ့်ဆုံးအဆင့်ကို ရောက်ရှိခဲ့တာပါ။
နောက်ပြီး X (Twitter) platform မှာလည်း အကြိမ်ပေါင်းများစွာ ဝန်ဆောင်မှုပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး xAI ရဲ့ အဓိက AI မော်ဒယ်ဖြစ်တဲ့ Grok ရဲ့ အဆင့်မြှင့်တင်မှုတွေကိုလည်း သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း မလုပ်ဆောင်နိုင်ခဲ့တဲ့အပြင် ကြန့်ကြာမှုများစွာဖြစ်ပေါ်နေတာပါ။
ဒါကြောင့်လည်း Musk အနေနဲ့ မကြာသေးခင်ကပဲ တာဝန်ယူထားရတဲ့ နိုင်ငံရေးနေရာအချို့ကနေ နှုတ်ထွက်ခဲ့ပြီး သူ့ရဲ့ သက်ဆိုင်ရာလုပ်ငန်းတွေကို ပြန်လည်အာရုံစိုက်ဖို့နေပြီလို့ ဖော်ပြလာခဲ့ပါတယ်။