Xiaomi 17 Pro Max ရဲ့ နောက်ဖက် Display က လုပ်ဆောင်နိုင်တဲ့အချက်တွေအများကြီးပါဘဲ။ ဒါကို gimmick ဖြစ်တဲ့ နည်းပညာလို့ပြောလို့မရဘူးလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ Xiaomi သွားနေတဲ့ပုံစံကြောင့်လို့ပြောရမယ်။ Hyper OS တောက်လျှောက်မှာ တော်တော်များများက ပန်းသီးကို စုတုပြု ခဲ့ပေမယ့် dynamic island feature ကို Xiaomi ဖုန်းတွေပေါ်ကိုသယ်မလာခဲ့တာ Hyper OS 3 အထိပါဘဲ။ Xiaomi 17 Pro နဲ့ Pro Max မှာပါတဲ့ နောက်ဖက် display က ဒီပြဿနာကို ဖြေရှင်းပေးမယ့် အချက်လို့မြင်တယ်။ Dynamic Island ထက်ပိုကောင်းတဲ့ solution လို့တောင် ပြောလို့ရတယ်။
ဒီ screen လေးထဲမှာ IOS ရဲ့ Dynamic Island မှာ လုပ်လို့ရတဲ့ features တွေ၊ Samsung ရဲ့ Now Bar မှာ လုပ်လို့ရတဲ့ features တွေအကုန်လုံးနီးပါးကို လုပ်နိုင်တယ်။ ပိုပြီးလဲ visibility ကောင်းသွားသလို သုံးနေတဲ့ app တွေနဲ့ main screen ကို လာမရှုပ်တော့ဘူး။ နောက်ပြီး main screen ကိုမဖွင့်ဘဲ time နဲ့ noti check လုပ်နိုင်တာမျိုးကလဲ အားသာချက်လို့ပြောရမယ်။
ဒါပေမယ့်တစ်ခုရှိတာက Dynamic Island က iPhone ရဲ့ main screen ပေါ်မှာ system notification တွေ၊ background activity တွေကို real-time ပြပေးနိုင်တယ်။ Battery warning၊ Face ID status၊ music control၊ timer၊ Uber tracking စတာတွေကို app သုံးနေရင်း တစ်ပြိုင်နက် မြင်နိုင်တယ်။ Magic Back Screen က phone နောက်ကျောမှာ ရှိလို့ ဒီလို system integration level မပေးနိုင်ဘူး။ နောက်ဖက် screen မှာ noti ကြည့်ပြီး ရှေ့ဖက် screen ကိုခေါ်ပြီး အပြည့်သုံးလို့တော့ရတယ်။
Xiaomi ဖက်က ဒီလိုကြွယ်ချင်ကြွယ်လို့ရပေမယ့် Hyper OS 3 နဲ့ Xiaomi 17 Series မှာ Dynamic Island အစားထိုးအတွက် Super Island ဆိုတာပါလာပြီးသားဖြစ်နေတဲ့အတွက် အပိုင်း ၁ ဇာတ်သိမ်းပါဘဲ။
ဒါပေမယ့် Widget တွေကို စိတ်ကြိုက် customize လုပ်နိုင်တာ နဲ့ rear camera ကိုသုံးပြီး professional quality selfie နဲ့ video ရိုက်နိုင်တဲ့အချက်တွေကတော့ အားသာချက်လို့ပြောရမှာပါ။ Content creator တွေအတွက် video ရိုက်နေတုန်း teleprompter အဖြစ် သုံးနိုင်တာ၊ developer တွေအတွက် debugging info ကို main screen မှာမနှောင့်ယှက်ဘဲ ပြနိုင်တာတွေက unique advantage တွေပါ။
ဘာဘဲဖြစ်ဖြစ် ၂၀၂၅ mobile ဖုန်းတွေရဲ့ design အရွေ့တစ်ခုမှာ အရင်နဲ့မတူတဲ့ ဖုန်းတွေကို မြင်လာရတာကတော့ သဘောကျစရာပါ။ အသစ်ထည့်ပေးတဲ့ features တိုင်းက gimmick ဖြစ်တာမဖြစ်တာထက် user တွေအတွက်တော့ bonus ပါဘဲ။
Discussion