Xiaomi ရဲ့ကိုယ်ပိုင် Chips ပထမဆုံးသုံးလာတဲ့ ဒေါ်လာ 800 ဝန်းကျင် Product ၂ မျိုး
Snapdragon 8 Elite ရဲ့ Performance နဲ့ ယှဉ်လို့ရတယ်ဆိုတဲ့ Xiaomi ရဲ့ ကိုယ်ပိုင် Chips အသစ်ဖြစ်တဲ့ XRING O1 ကို မနေ့က မိတ်ဆက်ခဲ့ပါပြီ။
နောက်ပြီး XRING O1 ပထမဆုံးထည့်သုံးသွားမယ့် Xiaomi 15s Pro နဲ့ Xiaomi Pad 7 Utra တို့ကိုပါ တစ်ခါတည်း မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။
Xiaomi 15s Pro ရဲ့ Spec: အချို့က Xiaomi 15 Pro နဲ့ တူညီပေမဲ့ အဓိကကွာခြားသွားမှာကတော့ Chips အသစ်ဖြစ်တဲ့ XRING O1 ပါ။ နောက်ထပ်ထူးခြားတဲ့ feature တစ်ခုက အလင်းပြန်နှုန်းကို 72.5% အထိ လျော့ချပေးနိုင်တဲ့ Anti-Reflective Display အမျိုးအစားကို သုံးပေးထားတာပါ။
Xiaomi Pad 7 Ultra ကတော့ အရင်ထွက်ထားတဲ့ Pad 7 , Pad 7 Pro တို့နဲ့ တော်တော်လေး ကွာခြားမှုတွေရှိတယ်လို့ ဆိုထားတယ်။ Pad 7 Ultra မှာတော့ 14” OLED Panel ကိုမှ HDR10+ နှင့် Dolby Vision ပံ့ပိုးထားပါတယ်။ Battery 12,000mAh အထိရမှာဖြစ်ပြီး 120W Fast Charge ပါပါမယ်။ Stylus Pen အတွက် magnet နေရာပါပါမယ်။
ဈေးနှုန်းတွေကတော့ Xiaomi 15s Pro က တရုတ်ယွမ် ¥5499 (ဒေါ်လာ 763) ရှိပြီး Xiaomi Pad 7 Ultra ကတော့ တရုတ်ယွမ် 5700 (ဒေါ်လာ 790) ရှိပါမယ်။
XRING O1 က AnTuTu မှာ ၃ သန်းကျော် ရလဒ်ထွက်ထားပြီး Greekbench ရဲ့ ရလဒ်မှာဆိုရင်လည်း Apple ရဲ့ A18 Pro ထက်တောင် ကျော်လွန်တယ်လို့ ဆိုထားတော့ ဒီ product ၂ မျိုးရဲ့ performance တွေကတော့ အတော်လေးမိုက်ဦးမယ်လို့ ဆိုရမှာပါပဲ။