Xiaomi ရော Apple လမ်းစဉ်လိုက်မှာလား

Xiaomi ရော Apple လမ်းစဉ်လိုက်မှာလား

Xiaomi အနေနဲ့ HyperOS 3 ကို Apple ရဲ့ iOS 26 လိုမျိုး နာမည်အသစ်နဲ့ တွေ့ရတော့မယ့်ပုံပါပဲ။ ဒီသတင်းက WWDC2025 မကျင်းပမှီ ရက်ပိုင်းအလိုက ထွက်ထားတာပါ။ 

Weibo က သတင်းတွေအရ Xiaomi ကလည်း Android 16 အခြေခံထားတဲ့ HyperOS အသစ်ကို နာမည်အသစ် ဒါမှမဟုတ် နံပါတ်အသစ်နဲ့ မိတ်ဆက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ တိုက်ဆိုင်မှုလို့ဆိုရမှာလား iOS 26 လိုမျိုး HyperOS 26 ဆိုတာမျိုး တွေ့ရနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ပြက္ခဒိန်အလိုက် OS နာမည်ပေးကြေးဆိုရင်တော့ တစ်မျိုးပေါ့လေ။ 

Xiaomi က သူတို့ရဲ့ OS အသစ်ဖြစ်တဲ့ HyperOS 3 ကို မိတ်ဆက်မယ်ဆိုရင်တော့ အောက်တိုဘာ ဒါမှမဟုတ် နိုဝင်ဘာလလောက်ဖြစ်ပါမယ်။ လိုတော့လိုသေးတာမို့ ဒီသတင်းက မှန်နိုင်ခြေ အရမ်းနည်းပါတယ်။

နောက်ပြီး HyperOS က အနေနဲ့ ထွက်ရှိထားတာလည်း ၂ နှစ်တောင်မပြည့်သေးတဲ့ အခြေအနေမို့ HyperOS 26 ဖြစ်ဖို့က သိပ်မသေချာနိုင်ပါဘူး။ အပြောင်းအလဲတွေကတော့ ရှိမှာမို့ ဒီလတွေထဲ Leak အသစ်တွေသာ ဆက်စောင့်ကြည့်ရမှာပါပဲ...

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ