Xiaomi SU7 Ultra ကြောင့် တရားစွဲခံနေရတဲ့ Xiaomi

Xiaomi SU7 Ultra ကြောင့် တရားစွဲခံနေရတဲ့ Xiaomi

Xiaomi လျှပ်စစ်ကားတွေရဲ့ ဂယက်ကတော့ မသေးပါဘူး။ မတ်လတုန်းက SU7 မတော်တဆမှုကြောင့် လူသေဆုံးခဲ့တဲ့ ကိစ္စတင်မကဘူး။ အခု SU7 ultra နဲ့ပတ်သက်ပြီး ကြေညာခဲ့တာနဲ့ သုံးရတဲ့အချိန်နဲ့ တလွဲတွေဖြစ်နေတာကြောင့် တရားစွဲခံရတဲ့ ကိစ္စပါဖြစ်နေပါပြီ။ လက်ရှိမှာ Xiaomi ကို Xiaomi SU7 Ultra ပိုင်ရှင်ပေါင်း 400 ကျော်က တရားစွဲထားပြီး တစ်ဦးကို တရားဝင်ကုန်ကျစရိတ်ပေါင်း ယွမ် 3000 ခန့် အလျော်ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ 

Xiaomi SU7 ကတော့ တာထွက်မှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့အပြင် အတော်လေးကို ရောင်းအားကောင်းခဲ့တာပါ။ ဒါပေမဲ့လည်း တကယ့်လက်တွေ့မှာတော့ အရည်အသွေးပိုင်းနဲ့ပတ်သက်ပြီး ချီးကျူးမှုတွေက ချက်ချင်းဆိုသလို ပျောက်ဆုံးခဲ့ရပါတယ်။ 2025 ပထမ ၃ လအတွင်း တရုတ်နိုင်ငံအတွင်း China Automobile Quality Network ကနေ လျှပ်စစ်ကားများရဲ့ အရည်အသွေးစစ်ဆေးမှုမှာတော့ Brand ၂၉ ခုအနက် Xiaomi SU7 ဟာ နောက်ဆုံးအဆင့်မှာ ရောက်ရှိခဲ့ပါတယ်။ 

အရည်အသွေးစစ်ဆေးမှုပြုလုပ်တဲ့အခါမှာ ဝယ်ယူထားတဲ့ ကားပိုင်ရှင်တွေထံမှာ တင်သွင်းလာတဲ့ ချို့ယွင်းချက်များ ပြဿနာများကိုပါ ပေါင်းထည့်ခဲ့တာပါ။ စစ်ဆေးမှုအပြီးမှာတော့ Xiaomi SU7 ရဲ့ အရည်အသွေးပိုင်းကို အသာထား ပိုင်ရှင်တွေရဲ့ တိုင်ကြားမှုအရေအတွက်တွေက မူရင်းရောင်းအားထက်တောင် များပြားနေခဲ့တာကို တွေ့ခဲ့ရတာပါ။ 

တရားစွဲကြတဲ့ အဓိကအချက်က ကားအရှေ့ပိုင်းက carbon fiber hood ကြောင့်ပါ။ Xiaomi ဘက်က စတင်မိတ်ဆက်ခဲ့တုန်းကတော့ လေဝင်လေထွက်ပိုကောင်းမယ် အပူလျှော့ပေးပြီး စွမ်းဆောင်ရည်ပိုကောင်းမယ်လို့ ဆိုခဲ့ပေမဲ့ တကယ်တမ်းကျ ထူးခြားမှုတွေ မရှိတဲ့အပြင် လေဝင်လေထွက်မရှိတာတွေ အပူလျှော့တာတွေလည်း တစ်ခုမှမရှိခဲ့ပါဘူး။ Xiaomi ဘက်ကတော့ အစားထိုးပစ္စည်းတွေနဲ့ လဲလှယ်ပေးမယ်ဆိုပေမဲ့ ကြာချိန်က ၁ နှစ်နီးပါးကြာမှာမို့ ကားပိုင်ရှင်တွေက မကျေမနပ်ဖြစ်ခဲ့ကြတာပါ။ 

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ