အိန္ဒိယမှာ ဆော့ကစားခွင့်ရရှိမှာမဟုတ်တော့တဲ့ PUBG Mobile

အိန္ဒိယမှာ ဆော့ကစားခွင့်ရရှိမှာမဟုတ်တော့တဲ့ PUBG Mobile

အိန္ဒိယနိုင်ငံရဲ့ အစိုးရကတော့ တရုတ်ကထုတ်လုပ်တဲ့ App ပေါင်း ၅၂ ခုကို ယခုနှစ် အစောပိုင်းက အသုံးပြုခွင့်ပိတ်ပင်ခဲ့ပါတယ်။ အခုအခါမှာလည်း နောက်ထပ် App ပေါင်း ၁၁၈ ခုကိုထပ်ပြီးပိတ်ပင်ခဲ့ရာမှာ နာမည်ကြီး Battle Royale ဂိမ်းတစ်ခုဖြစ်တဲ့ PUBG Mobile ကိုပါ ထည့်သွင်းပိတ်ပင်ခဲ့ပြီပဲဖြစ်ပါတယ်။

အိန္ဒိယဟာ လက်ရှိမှာ Tencent ကထုတ်လုပ်ထားတဲ့ ဂိမ်းတွေအကုန်လုံးကိုပိတ်ပင်ခဲ့တာဖြစ်ပြီး၊ ဂိမ်းငါးခုအနေနဲ့ PUBG Mobile၊ PUBG Mobile Lite၊ Ludo World – Ludo Superstar၊ Arena of Valor: 5v5 Arena Game နဲ့ Chess Rush တို့ကို Ban လိုက်တာဖြစ်ပါတယ်။

Tencent Games ကို ၂၀၀၃ ကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ တရုတ်ပြည်အခြေစိုက် ဂိမ်းကုမ္ပဏီအဖြစ်နဲ့ လက်ရှိအချိန်မှာ အအောင်မြင်ဆုံးဂိမ်းကုမ္ပဏီတွေထဲက တစ်ခုအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ အိန္ဒိယနဲ့ တရုတ်ကြား အချင်းများမှုတွေကြားထဲကမှ TikTok လိုနာမည်ကြီး App တွေအပြင်၊ အခုအခါမှာလည်း Tencent Games တို့ကိုပစ်မှတ်ထားပြီး ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

PUBG Mobile ဆက်လက်ကစားခွင့်မရရှိတော့ပေမယ့်လည်း အိန္ဒိယကသူတွေအနေနဲ့ PUBG Mobile အစားထိုးအဖြစ် Call of Duty: Mobile နဲ့ Free Fire တို့ကစားလို့ရပါသေးတယ်။ PUBG မှ PUBG ဆော့မယ်ဆိုရင်တော့ ဒီသတင်းဟာ စိတ်မကောင်းစရာတစ်ခုပါပဲ။

Ref: Mobile Mode Gaming

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ