YouTube က 2 နှစ်ကြာ Pilot Test လုပ်ပြီးနောက် Multi-language Audio Feature ကို တရားဝင် Launch လုပ်လိုက်ပါပြီ။ အခုဆိုရင် YouTuber သန်းနဲ့ချီတဲ့သူတွေက သူတို့ Video တွေမှာ ဘာသာစကား အမျိုးမျိုးနဲ့ Dubbing ထည့်နိုင်ပြီး Global Audience ကို ပိုမို Reach လုပ်နိုင်တော့မှာပါ။
2023 မှာ စတင်ခဲ့တဲ့ Pilot Program မှာ MrBeast, Mark Rober, Chef Jamie Oliver စတဲ့ Creator အနည်းငယ်ပဲ ပါဝင်ခွင့် ရခဲ့ပါတယ်။ အစပိုင်းမှာ Third-party Dubbing Services တွေနဲ့ လုပ်ရပေမယ့် နောက်ပိုင်း YouTube က Google Gemini Technology သုံးပြီး Creator ရဲ့ Tone နဲ့ Emotions တွေကို Replicate လုပ်နိုင်တဲ့ AI-powered Auto-dubbing Tool မိတ်ဆက်ပေးခဲ့ပါတယ်။
YouTube ရဲ့ Report အရ Feature သုံးတဲ့ Creator တွေ အောင်မြင်မှု ရခဲ့ကြပါတယ်။ Multi-language Audio Tracks Upload လုပ်သူတွေက Average 25% Watch Time ကို Video ရဲ့ Non-primary Language Views ကနေ ရခဲ့ကြတာပါ။ Jamie Oliver ရဲ့ Channel က Multi-language Audio Tracks သုံးပြီးနောက် Views 3 ဆ တိုးသွားခဲ့ပါတယ်။
ဒါ့အပြင် YouTube က Multi-language Thumbnails Feature ကိုလည်း Select Creators တွေနဲ့ Test လုပ်နေပါတယ်။ June လကတည်းက Creators တွေက Thumbnails မှာ တခြား ဘာသာစကားတွေနဲ့ Text Display လုပ်နိုင်အောင် Customize လုပ်နိုင်ပါပြီ။ Viewers ရဲ့ ဘာသာစကား နဲ့ ကိုက်ညီတဲ့ Localized Thumbnails တွေ ပြနိုင်ပါတယ်။
ဒီ Feature က Creator တွေအတွက် Language Barrier ကို ဖြိုဖျက်ပေးလို့ Global Reach တိုးလာနိုင်တယ်။ Translation/Dubbing Cost သက်သာမယ် (AI Auto-dubbing နဲ့)။ Watch Time နဲ့ Revenue တိုးလာနိုင်ပြီး International Audience Base တည်ဆောက်နိုင်မှာပါ။ Content ရဲ့ Lifespan ကလည်း ပိုရှည်လာမှာဖြစ်ပါတယ်။
Myanmar YouTubers တွေအတွက်လည်း အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။ မြန်မာဘာသာ Content တွေကို English, Hindi, Thai စတဲ့ ဘာသာစကားတွေနဲ့ Dub လုပ်ပြီး Regional Audience ရနိုင်မှာပါ။ Educational Content လုပ်တဲ့သူတွေအတွက် Reach တွေပိုရလာနိုင်ပြီး Myanmar Culture နဲ့ Content တွေ ကမ္ဘာက ပိုသိလာမှာဖြစ်ပါတယ်။
Feature အသုံးပြုနည်းက YouTube Studio မှာ Video Upload/Edit လုပ်တဲ့အခါ Audio Track Options ရွေးပါ။ AI Auto-dubbing သို့မဟုတ် Manual Upload ရွေးချယ်နိုင်ပါတယ်။ Target Languages များ ရွေးချယ်ပါ။ Review နဲ့ Publish လုပ်လိုက်ရုံပါပဲ။
Rollout က လာမယ့် ရက်သတ္တပတ်အတွင်း ဖြစ်မယ်လို့ သိရပါတယ်။ Creator တွေ YouTube Studio မှာ Feature ရမရ Check လုပ်ကြည့်နိုင်နေပါပြီဖြစ်ပါတယ်။
#AkhayarTech #YouTube #MultiLanguageAudio #ContentCreation #AITranslation #YouTubeUpdate #CreatorEconomy
Discussion