ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက သူဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ Isabela Pagliari နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် ကံကြမ္မာလှည့်ကွက်‌တွေကြောင့် ရာဖင်ညာဟာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခွင့်တားဆီးခံခဲ့ရတာပါ။

ရာဖင်ညာရဲ့ဖခင်ဟာ အီတလီနွယ်ဖွားဖြစ်သလို သူကလည်း ၂၀၂၀ ခုနှစ်မှာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခဲ့ရခြင်းမရှိသေးတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အီတလီနည်းပြအဖွဲ့ဝင်တွေက ရာဖင်ညာကို အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားနိုင်စေဖို့ ကြိုးပမ်းခဲ့တာပါ။ ရာဖင်ညာကိုယ်တိုင်ကလည်း အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ ဆန္ဒရှိခဲ့ပေမယ့် သူ့ရဲ့အီတလီပတ်စပို့က မရောက်လာခဲ့တာကြောင့် ပါဝင်ကစားခွင့်မရခဲ့ပါဘူး။

ရာဖင်ညာက "ကျွန်တော်ဟာ အီတလီအသင်းရဲ့ခေါ်ယူမှုကို လက်ခံဖို့ နီးစပ်ခဲ့ပါတယ်။ အီတလီအသင်းရဲ့လူတွေကလည်း ခေါ်ခဲ့သလို ဂျော်ဂျင်ဟိုဆိုရင် အဆက်မပြတ်ခေါ်ခဲ့တာပါ။ ကံကောင်းခဲ့တာက အီတလီပတ်စပို့က အချိန်မီမရောက်လာခဲ့ပါဘူး။ အခုအချိန်မှာ ကျွန်တော်ရဲ့နိုင်ငံတဲ့အတူ ရှိခွင့်ရတဲ့အတွက် နေ့တိုင်းကျေးဇူးတင်တယ်"လို့ ဆိုခဲ့ပါတယ်။

အီတလီအသင်းဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ ရာဖင်ညာဟာ လက်ရှိအချိန်မှာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် (၃၃)ပွဲပါဝင်ကစားထားပြီး (၁၁)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Read more

Google အကူအညီမပါတော့မယ့် တရုတ်ဖုန်းတွေ တွေ့ရတော့မလား

Google အကူအညီမပါတော့မယ့် တရုတ်ဖုန်းတွေ တွေ့ရတော့မလား

Xiaomi ကနေ Huawei နဲ့ပူးပေါင်းပြီး Google အကူအညီမပါတဲ့ Operating System တစ်ခုကို ဖန်တီးနေတယ်လို့ သတင်းတွေထွက်လာပါတယ်။ Xiaomi တင်မကဘူး Oppo, Vivo, OnePlus တို့လည်း အပါအဝင်လို့ ဆိုထားပါတယ်။ (တရုတ်ဖုန်းတွ

လီဗာပူးလ်အသင်းက ထွက်ခွာမယ့် အသင်းဖော်အာနိုးလ်ကို ဆာလာ မက်ဆေ့ချ်ပေးပို့

လီဗာပူးလ်အသင်းက ထွက်ခွာမယ့် အသင်းဖော်အာနိုးလ်ကို ဆာလာ မက်ဆေ့ချ်ပေးပို့

အီဂျစ်တိုက်စစ်ကစားသမား ဆာလာဟာ ဒီရာသီကုန်ရင် လီဗာပူးလ်အသင်းက ထွက်ခွာမယ်လို့ အတည်ပြုခဲ့တဲ့ အသင်းဖော်ညာနောက်လူ အာနိုးလ်ကို သူ့ရဲ့ဆိုရှယ်မီဒီယာ

ခေတ်စားလာတဲ့ “Casual Dating” အကြောင်း

ခေတ်စားလာတဲ့ “Casual Dating” အကြောင်း

မြန်မာလိုဆိုရင် အနီးစပ်ဆုံး ပေါ့ပေါ့ပါးပါး ဒိတ်တင်းလုပ်ခြင်းလို့ ဘာသာပြန်နိုင်တဲ့ “Casual Dating” ဆိုတာ ဒီခေတ်မှာ ပိုပိုပြီးမြင်ရ ကြားရလာပါတယ်။ အတည်ရည်းစားမဟု

မကောင်းတဲ့ အကျင့်တွေကို ထပ်လဲလဲ လုပ်မိနေတာ ဘာကြောင့်လဲ? ဘယ်လိုရုန်းထွက်မလဲ?

မကောင်းတဲ့ အကျင့်တွေကို ထပ်လဲလဲ လုပ်မိနေတာ ဘာကြောင့်လဲ? ဘယ်လိုရုန်းထွက်မလဲ?

“ငါ ဘာလို့ မကောင်းတဲ့ အကျင့်တွေကို သိသိရက်နဲ့  အမြဲလုပ်မိနေတာလဲ” ဆိုတာမျိုး လူတိုင်းတွေးဖူးကြမယ်ထင်ပါတယ်။ ကိုယ်နဲ့ အဆင်မပြေတဲ့သူမျိုးကိုမှ သဘောကျတာ၊ တစ်ခုခု