ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ
ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက သူဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ Isabela Pagliari နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် ကံကြမ္မာလှည့်ကွက်တွေကြောင့် ရာဖင်ညာဟာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခွင့်တားဆီးခံခဲ့ရတာပါ။
ရာဖင်ညာရဲ့ဖခင်ဟာ အီတလီနွယ်ဖွားဖြစ်သလို သူကလည်း ၂၀၂၀ ခုနှစ်မှာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခဲ့ရခြင်းမရှိသေးတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အီတလီနည်းပြအဖွဲ့ဝင်တွေက ရာဖင်ညာကို အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားနိုင်စေဖို့ ကြိုးပမ်းခဲ့တာပါ။ ရာဖင်ညာကိုယ်တိုင်ကလည်း အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ ဆန္ဒရှိခဲ့ပေမယ့် သူ့ရဲ့အီတလီပတ်စပို့က မရောက်လာခဲ့တာကြောင့် ပါဝင်ကစားခွင့်မရခဲ့ပါဘူး။
ရာဖင်ညာက "ကျွန်တော်ဟာ အီတလီအသင်းရဲ့ခေါ်ယူမှုကို လက်ခံဖို့ နီးစပ်ခဲ့ပါတယ်။ အီတလီအသင်းရဲ့လူတွေကလည်း ခေါ်ခဲ့သလို ဂျော်ဂျင်ဟိုဆိုရင် အဆက်မပြတ်ခေါ်ခဲ့တာပါ။ ကံကောင်းခဲ့တာက အီတလီပတ်စပို့က အချိန်မီမရောက်လာခဲ့ပါဘူး။ အခုအချိန်မှာ ကျွန်တော်ရဲ့နိုင်ငံတဲ့အတူ ရှိခွင့်ရတဲ့အတွက် နေ့တိုင်းကျေးဇူးတင်တယ်"လို့ ဆိုခဲ့ပါတယ်။
အီတလီအသင်းဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ ရာဖင်ညာဟာ လက်ရှိအချိန်မှာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် (၃၃)ပွဲပါဝင်ကစားထားပြီး (၁၁)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။