ယူရိုချန်ပီယံစပိန်ကို အနိုင်ယူပြီး UEFA Nations League ချန်ပီယံဆုကို ဒုတိယအကြိမ်ဆွတ်ခူးခဲ့တဲ့ ပေါ်တူဂီ

ယူရိုချန်ပီယံစပိန်ကို အနိုင်ယူပြီး UEFA Nations League ချန်ပီယံဆုကို ဒုတိယအကြိမ်ဆွတ်ခူးခဲ့တဲ့ ပေါ်တူဂီ

UEFA Nations League ဗိုလ်လုပွဲ

ပေါ်တူဂီ(၂-၂)စပိန်
(ပယ်နယ်တီ ၅-၃ ရလဒ်နဲ့ ပေါ်တူဂီနိုင်)

UEFA Nations League ပြိုင်ပွဲမှာ ပထမဆုံးဗိုလ်စွဲထားတဲ့ ပေါ်တူဂီအသင်းက စတုတ္ထအကြိမ်ပြိုင်ပွဲမှာ တစ်ကျော့ပြန်ချန်ပီယံဆုကို ရယူခဲ့ပါတယ်။ ပေါ်တူဂီအသင်းအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ အိမ်ရှင် ဂျာမနီကို ကျော်ဖြတ်ခဲ့ပြီး ဗိုလ်လုပွဲမှာ လက်ရှိယူရိုချန်ပီယံစပိန်အသင်းကို ကျော်ဖြတ်ဗိုလ်စွဲခဲ့တာကြောင့် ဒီတစ်ကြိမ်အောင်မြင်မှုက ပိုမိုခက်ခဲကြမ်းတမ်းသလို ပိုမိုချိုမြိန်တဲ့အောင်ပွဲလို့ ဆိုရမှာဖြစ်ပါတယ်။

ယာမားလ်၊ ပက်ဒရီ၊ နီကိုဝီလီယံစ်အစရှိတဲ့ အရည်အသွေးမြင့်လူငယ်ခြေတက်ကစားသမားတွေ ပေါများတဲ့ စပိန်အသင်းက ထုံးစံအတိုင်း ပြိုင်ဘက်အသင်းထက် ဂိုးအခွင့်အရေးတွေပိုမိုဖန်တီးနိုင်သလို ဦးဆောင်ဂိုးတွေကိုလည်း အရင်သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပေါ်တူဂီကွင်းလယ်ခံစစ်က စပိန်တောင်ပံတိုက်စစ်တွေကို စနစ်တကျပိတ်ဆို့ကာကွယ်ထိန်းချုပ်နိုင်ခဲ့လို့ အရင်ပွဲတွေလောက် စပိန်အသင်းခြေစွမ်းအသာစီးနဲ့ စိတ်ကြိုက်မကစားနိုင်ခဲ့ဘဲ ယာမားလ်ဆီက ဘောလုံးဆုံးရှုံးမှုတွေလည်းအတော်များများရှိခဲ့ပါတယ်။

ပွဲချိန်(၂၁)မိနစ်မှာ ပေါ်တူဂီဂိုးရှေ့အနည်းငယ်ရှုပ်ထွေးနေတာကို ကွင်းလယ်လူဇူဘီမန်ဒီက အခွင့်ကောင်းယူပြီး အနီးကပ်ကန်သွင်းကာ စပိန်အတွက်ဦးဆောင်ဂိုးရယူခဲ့ပါတယ်။

နောက်(၅)မိနစ်အကြာမှာ ပေါ်တူဂီနောက်ခံလူမန်ဒက်စ်က ပယ်နယ်တီဧရိယာထဲ​ဘောလုံးဆွဲယူပြီး ထောင့်ဖြတ်ကန်သွင်းကာ ချေပဂိုးသွင်းခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာပဲ တိုက်စစ်မှူးအိုယာဇာဘယ်လ်က ပက်ဒရီရဲ့ပေးပို့မှုကနေ ဂိုးထဲကိုအနီးကပ်ကန်သွင်းပြီး စပိန်အတွက် ဦးဆောင်ဂိုးထပ်သွင်းခဲ့ပါတယ်။ ပွဲချိန်(၆၁)မိနစ်မှာ စီရော်နယ်ဒိုက ပြန်ချေပခဲ့ပြီး ပွဲအပြီးအထိ(၂-၂)ဂိုးနဲ့ သရေကျနေလို့ အချိန်ပိုမိနစ်(၃၀)ထပ်ကစားခဲ့ရပါတယ်။

အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ကြတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံရာမှာ အရင်ကန်သွင်းတဲ့ ပေါ်တူဂီအသင်းက (၅)လုံးစလုံးဂိုးဝင်ခဲ့ပြီး စပိန်အတွက် မိုရာတာက လွဲချော်ခဲ့လို့ ပေါ်တူဂီအသင်းပယ်နယ်တီ(၅-၃)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ပယ်နယ်တီတစ်ချက်လွဲချော်မှုက ဒီပွဲမှာ ချန်ပီယံဘယ်သူဖြစ်မလဲဆိုတာကို ဆုံးဖြတ်ပေးခဲ့တယ်လို့ ပြောနိုင်ပေမယ့် တိုက်စစ်အားသန်ကစားသမားတွေပိုင်ဆိုင်ပြီး ရင်ဆိုင်ထိန်းချုပ်ဖို့ ခက်ခဲတဲ့စပိန်အသင်းကို ဂိုးများများမပေးရအောင်နဲ့ ပုံမှန်ပွဲချိန်အတွင်းမရှုံးအောင် ခုခံကာကွယ်ကစားနိုင်ခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့နည်းဗျူဟာနဲ့ ကြိုးစားအားထုတ်မှုကိုအသိအမှတ်ပြုရမှာပါ။

UEFA Nations League ပြိုင်ပွဲ League - A မှာ စီရော်နယ်ဒိုက သွင်းဂိုး(၈)ဂိုးအထိရှိခဲ့ပြီး ဒုတိယနေရာက ကစားသမားတွေ (မူအာနီ၊ တင်မ်ကလိုင်းဒင့်စ်၊ ဖလော်ရီယန်ဗစ်ဇ်၊ အိုယာဇာဘယ်လ်)ထက် သွင်းဂိုး(၂)ဆရှိခဲ့ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ