ယူရိုပါလိဂ်ဖလားရရှိပြီးနောက် မိမိဟာစပါးအသင်းဂန္ထဝင်တစ်ဦးဖြစ်လာခဲ့ပြီလို့ ဆွန်ဟောင်မင်ဆို

ယူရိုပါလိဂ်ဖလားရရှိပြီးနောက် မိမိဟာစပါးအသင်းဂန္ထဝင်တစ်ဦးဖြစ်လာခဲ့ပြီလို့ ဆွန်ဟောင်မင်ဆို

တောင်ကိုရီးယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က စပါးအသင်းကို ယူရိုပါလိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် သူဟာအသင်းရဲ့ဂန္ထဝင်တစ်ဦးဖြစ်လာခဲ့ပြီလို့ ဆိုခဲ့ပါတယ်။

စပါးအသင်းက မန်ယူနိုက်တက်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဆွန်ဟောင်မင်ဟာ ဒုတိယပိုင်းမှ လူစားလဲဝင်ရောက်လာခဲ့ပေမယ့် ပါဝင်ကစားခွင့်ရခဲ့တဲ့ မိနစ်အတွင်းမှာ အသင်းအတွက်အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာပါ။

၂၀၁၅ ခုနှစ်က လေဗာကူဆင်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆွန်ဟောင်မင်အတွက် ယူရိုပါလိဂ်ဖလားဟာ သူ့ရဲ့စပါးအသင်းကစားသမားဘဝမှာ ပထမဆုံးဆုဖလားဖြစ်ခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ ဒီပွဲမတိုင်မီကတည်းက စပါးအသင်းဆုဖလားရရှိဖို့ (၁၇)နှစ်ကြာစောင့်ဆိုင်းခဲ့ရတာကို အဆုံးသတ်ပေးဖို့ စိတ်အားထက်သန်နေတယ်လို့ဆိုခဲ့တာပါ။ ဆွန်ဟောင်မင်ဟာ စပါးအသင်း ယူရိုပါလိဂ်ဖလားရရှိချိန်မှာ ပျော်ရွှင်ပြီး ငိုကြွေးမှုတောင်ပြုလုပ်ခဲ့ပါတယ်။

ဆွန်ဟောင်မင်က "ကျွန်တော့်ကို ဂန္ထဝင်လို့ခေါ်ကြပါ။ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ (၁၇)နှစ်အတွင်းမှာ ဒီလိုမျိုးအောင်မြင်မှုကို ဘယ်သူမှမလုပ်နိုင်ခဲ့ပါဘူး။ ဒီနေ့မှာ ကျွန်တော်ဟာ ကလပ်ရဲ့ဂန္ထဝင်တစ်ဦးလို့ ပြောမယ်၊ပြီးရင် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းမယ်။ ကျွန်တော်ဟာ အပျော်ရွှင်ဆုံးလူသားပါ"လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

စပါးအသင်းဟာ ယူရိုပါလိဂ်အောင်ပွဲအတွက် သောကြာနေ့မှာ ဆုဖလားနဲ့ လှည့်ပတ်အောင်ပွဲခံမှာဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့မှာတော့ ဒီရာသီပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်