ယူရိုပါလိဂ်ဖလားရယူပေးနိုင်ရင်တောင် နည်းပြပိုစတီကိုဂလူးကို ထုတ်ပယ်ဖို့ စပါးအသင်းဆုံးဖြတ်ထား

ယူရိုပါလိဂ်ဖလားရယူပေးနိုင်ရင်တောင် နည်းပြပိုစတီကိုဂလူးကို ထုတ်ပယ်ဖို့ စပါးအသင်းဆုံးဖြတ်ထား

စပါးအသင်းဟာ ဒီရာသီမှာ အသင်းကို ယူရိုပါလိဂ်ဖလားရရှိအောင် ဦးဆောင်ကိုင်တွယ်ပေးနိုင်ခဲ့ရင်တောင် နည်းပြပိုစတီကိုဂလူးကို ရာသီကုန်မှာ ထုတ်ပယ်ဖို့ဆုံးဖြတ်ထားတယ်လို့ The Telegraph က ဖော်ပြထားပါတယ်။

စပါးအသင်းဟာ နည်းပြပိုစတီကိုဂလူးရဲ့ဒုတိယမြောက်ရာသီမှာ ရလဒ်တွေအလွန်ဆိုးရွားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲ(၁၈)ပွဲကြုံတွေ့ထားကာ အမှတ်ပေးဇယားအဆင့်(၁၆)နေရာမှာ ရပ်တည်နေတာပါ။

စပါးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးရွားနေပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပြီး နောက်ထပ်(၃)ပွဲကို ကျော်ဖြတ်ပြီးတာနဲ့ ချန်ပီယံအဖြစ်အောင်ပွဲခံကာ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။ ဒါပေမယ့် စပါးအသင်းတာဝန်ရှိသူတွေအနေနဲ့ နည်းပြပိုစတီကိုဂလူး ယူရိုပါလိဂ်ဖလားရယူပေးနိုင်ခဲ့ရင်တောင် သူ့ကို ရာထူးကထုတ်ပယ်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

စပါးအသင်းဟာ နည်းပြပိုစတီကိုဂလူးရဲ့နေရာမှာ အစားထိုးဖို့အတွက် နည်းပြသစ်ရှာဖွေနေပြီး နည်းပြသစ်ဖြစ်လာဖို့အတွက် ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာနဲ့ ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗားတို့က ရေပန်းစားနေပါတယ်။

ဘန်လေအသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ထံ တန်းပြန်တက်အောင်ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ စပါးကစားသမားဟောင်း စကော့ပါကားကိုလည်း နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ စပါးအသင်းကစိတ်ဝင်စားနေတယ်လို့ Mail Sport က ဖော်ပြထားပါတယ်။

ပိုစတီကိုဂလူးကိုယ်တိုင်က စပါးအသင်းမှာ သူ့ရဲ့အနာဂတ်မရေမရာဘူးလို့ မကြာသေးမီက ဝန်ခံထားပါတယ်။ အဲ့ဒါကြောင့် ပိုစတီကိုဂလူးအနေနဲ့ စပါးအသင်းကို ယူရိုပါလိဂ်ဖလားရယူပေးပြီး အသင်းနဲ့ လမ်းခွဲထွက်ခွာသွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Read more

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

လွန်ခဲ့တဲ့ (၂၄)နှစ်ကျော်ဖြစ်တဲ့ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ(၂၄)ရက်မှာ ပေါ်တူဂီယူ-၁၅ အသင်းရဲ့ကစားသမားတစ်ဦးအဖြစ် စပို့တင်းလစ္စဘွန်းအသင်းရဲ့လူငယ်ကစားသမားစီရော်နယ်ဒိုကရွေးချယ်

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စိတ်ပျက်စရာကောင်းတဲ့ရာသီကို ဖြတ်သန်းနေရပြီးနောက် အသင်းရဲ့လူစာရင်းကိုပိုမိုအားကောင်းအောင်လုပ်ဖိ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့) အင်တာမီလန် - ဘာစီလိုနာ (7 May 2025/ 1:30 am) လတ်တလောမှာ အင်တာမီလန်က ပြိုင်ပွဲစုံမှာ ရလဒ်တွေနည်းနည်းယိုင်နေပြီး (၅)ပွဲဆက်

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက သူဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ Isabela Pagliari နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာ